မွေးနေ့ပွဲလေးတွေမှာလဲ ဒီလိုဆံပင်ပုံစံလေးကို ပြုလုပ်လို့ရအောင် အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်နော်။
1. မုန့်ကြိုးလိမ်လိမ်၍ စုစည်းပါ။
ပုံတွင်ပြထားသလို ဆံပင်ကိုတစ်ဝက်စည်းပါ။
ဘေးဘက်မှ ဆံပင်အနည်းငယ်ကို ထပ်ယူပါ။
နှစ်စထပ်ခွဲပါ။
လိမ်လိုက်ပါ။
အပေါ်နားက ဆံပင်ကိုဘဲ ထပ်ယူပါ။
လိမ်မယ့်အစနှင့် ပေါင်းပါ။
အတွင်းဘက်ကို လိမ်သွားပါ။
ဆံပင်တစ်ဝက်ထိ လိမ်၍ဖွသွားပါ။
ဘဲညှပ်ဖြင့်ထိန်းထားပါ။
2. အောက်ဆံပင်ကို စည်းပါမယ်။
နောက်တစ်ဖက်မှ ဘေးဆံပင်ကို ယူပါ။
ဆံပင်တစ်ဝက်အထိ လိမ်သွားပါ။
အစနှစ်ခုကို စု၍စည်းပါ။
အောက်ဘက်မှ ဘေးဆံပင်နှစ်ဖက်ကို ထပ်စုစည်းပါ။
3.အဆင့်ဆင့်ထပ်စည်း၍ အလှဆင်ပါ။
အတွင်းဘက်မှ အလယ်နှစ်စကို ယူပါ။
ဘေးဘက်မှ အစကို ထပ်ယူပါ။
တစ်ဖက်မှ ဘေးဆံပင်ကိုလဲ ထပ်ယူပါ။
အားလုံးကို စု၍စည်းပါ။
အလယ်ဆံပင်ကို ဖွပေးပါ။
အဆုံးထိအဆင့်ဆင့်စည်းပြီး ဖွပေးပါ။
မိမိကြိုက်နှစ်သက်ရာဖြင့် အလှဆင်ပါ။