ခရုခွေဆံထုံးလေးကို အလွယ်တကူထုံးနိုင်ရန်အတွက်ပျိုမေများထုံးနိုင်ရန်တစ်ဆင့်ချင်းတင်ပြလိုက်ပါတယ်။
1.ဆံထုံးထုံးပါမယ်။
ရှေ့ဆံပင်နှစ်ဖက်ကို ချန်ထားပါမယ်။
အနောက်မှဆံပင်အားလုံးကို ဘေးဘက်ယူပါမယ်။
ယူထားသောဆံပင်ကို ကလစ်ဖြင့်ထိုးပါမယ်။
ဘေးမှကျန်နေသော ဆံပင်ကိုခွေပါမယ်။
ခွေထားသောဆံပင်ကို ဘေးသို့ကပ်လိုက်ပါမယ်။
ဘေးသို့ကပ်နေသောဆံပင်ကို ကလစ်ဖြင့်ထိုးပါမယ်။
ဘေးမှချန်ထားသောဆံပင်ကို ယူပါမယ်။
ယူထားသောဆံပင်ကို ခွေပါမယ်။
ခွေထားသောဆံပင်ကို ပထမခွေထားသောဆံပင်အပေါ်သို့တင်ပြီး ကလစ်ဖြင့်ထိုးပါမယ်။
2.ဆံထုံးထုံးပါမယ်။
ဘေးတစ်ဖက်မှ ချန်ထားသောဆံပင်ကို ထပ်ယူပါမယ်။
ယူထားသောဆံပင်ကို ခွေပါမယ်။
ခွေထားသောဆံပင်ကို ဒုတိယခွေထားသောဆံပင်အပေါ်သို့တင်ပြီး ကလစ်ဖြင့်ထိုးပါ။
Fancy ဖြင့်အလှဆင်ပါမယ်။