ဆံပင်အရှည်ကိုမှ ရိုးရိုးလေးနဲ့လှနေစေမယ့် ဆံထိုးလေးသုံးပြီး အလွယ်ဆံထုံးလုပ်နည်းကို အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်နော်။
1. အပေါ်ဆံပင်ကိုအကုန်စုစည်းပြီး ဆံထိုးဖြင့် အလှဆင်ပါ။
ဆံပင်အားလုံးကို မြင့်မြင့်လေး စုစည်းပါ။
ဆံထိုးကိုသုံးပါမယ်။
စည်းထားသောဆံပင်ကြားထဲတွင် ဆံထိုးကို ထိုးပါ။
2. တစ်ဝက်စီစည်းပြီး လျှို၍လိမ်ပါ။
နောက်ဆံပင်ကို နှစ်စခွဲပါ။
ခွဲထားသောတစ်စကို တစ်ဝက်တွင် စည်းပါ။
အောက်ဘက်မှ လက်လျှို၍ စည်းထားသောဆံပင်ကို ယူပါ။
အောက်ဘက်သို့ ဆွဲချလိုက်ပါ။
နောက်တစ်ဝက်ကိုလဲ ဆက်လုပ်ပါ။
နောက်တစ်စကိုလဲ ဆက်လုပ်ပါ။
3.အစနှစ်ခုလုံးကို ဆံထိုးအောက်မှနေ၍ ပတ်သွားပါ။
စည်းထားသောဆံပင်တစ်စကို ဆံထိုးအောက်ဘက်မှ ယူ၍အပေါ်သို့ပို့ပါ။
ကျန်တစ်စကိုလဲ အောက်မှယူ၍ အပေါ်သို့ပို့ပါ။
ပိုနေသောအစနှစ်စကို လိမ်ပါ။
အဆုံးထိလိမ်သွားပါ။
ကလစ်ဖြင့်ထိုးပါ။