Simple Braided Hair Design

0

အောက်မှာဖော်ပြပေးထားတဲ့လွယ်ကူတဲ့ ပြုလုပ်ပုံအဆင့်ဆင့်ကို ကြည့်ပြီးလိုက်လုပ်ကြည့်နော်။

အရှေ့မှဆံပင်အနည်းငယ်ကိုယူကာ အနောက်တွင်သားရေကွင်းဖြင့်စည်းပါ။

အနောက်မှစည်းထားသောဆံပင်နှင့် အောက်မှကျန်ဆံပင်အားလုံးကိုနှစ်ဖက်ခွဲပေးပါ။

စည်းထားသောဆံပင်ကိုယူကာသုံးချောင်းခွဲပါ။

သုံးချောင်းကိုပူး၍ကျစ်ပါ။

ဘေးမှဆံပင်အနည်းငယ်ကိုယူပါ။

ယူထားသောဆံပင်ကို ကျစ်ထားသောဆံပင်နှင့်ပူးလိုက်ပါ။

သုံးချောင်းကိုပူး၍ပြန်ကျစ်ပါ။

ဘေးမှဆံပင်ကိုယူကာအပေါ်တွင်ပြထားသလို အောက်အထိဆက်ကျစ်သွားပါ။

သားရေကွင်းဖြင့်စည်းပါ။

နောက်တစ်ဖက်မှကျန်သောဆံပင်ကိုလည်း အပေါ်တွင်ပြထားသလိုကျစ်ပါး

ကျစ်ဆံမြှီးအဖျားနှစ်ခုကိုယူပါ။

အပေါ်နားသို့တိုးကာသားရေကွင်းဖြင့်စည်းပါ။

ပန်းပွင့်လေးများဖြင့်အလှဆင်ပေးပါ။