Fancy ကျစ်ဆံမြှီးအပွ

0

ညနေခင်းပွဲဘဲဖြစ်ဖြစ် ထသွားထလာပွဲဖြစ်ဖြစ် ကိုယ်တိုင်လုပ်ကြည့်ဖို့အတွက် အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်နော်။

ပုံတွင်ပြထားသလို အပိုင်းသုံးပိုင်းခွဲ၍ စည်းထားပါ။

အတွင်းဘက်မှ လက်လျှို၍ စည်းထားသောဆံပင်ကို ယူပါ။

အောက်ဘက်သို့ ဆွဲချလိုက်ပါ။

ကျန်ဆံပင်နှစ်ခုကိုလဲ ဆက်လုပ်ပေးပါ။

စည်းထားသောဆံပင်မှ အစသုံးစခွဲပေးပါ။

ကျစ်ဆံမြှီး ကျစ်ပေးပါ။

အဆုံးထိကျစ်ပါမယ်။

ဘေးဆံပင်ကို ဖွပေးပါ။

သားရေကွင်းဖြင့်စည်းပေးပါ။

ဆံပင်သုံးခုလုံးကို ကျစ်ဆံမြှီးကျစ်၍ ဖွပေးပါ။

ဆံပင်အရင်းတွင် ကပ်နေအောင် ကလစ်ဖြင့်ထိုးပါ။

ကျစ်ဆံမြှီးသုံးခုလုံးကို စုစည်းပါ။

အလှကလစ်ဖြင့် အလှဆင်ပါ။