Half Fishtail Braided bun

0

ပွဲလည်တင့်ပြီးအလွန်လှပတဲ့ဆံထုံးလေး ပြုလုပ်ပုံအဆင့်ဆင့်ကို အောက်မှာဝင်ကြည့်ပေးနော်။

အရှေ့မှဆံပင်အနည်းငယ်ကိုယူကာ အနောက်တွင်သားရေကွင်းဖြင့်စည်းပါ။

အနောက်မှစည်းထားသောဆံပင်နှင့် အောက်မှကျန်ဆံပင်အားလုံးကိုနှစ်ဖက်ခွဲပေးပါ။

စည်းထားသောဆံပင်ကိုယူကာသုံးချောင်းခွဲပါ။

သုံးချောင်းကိုပူး၍ကျစ်ပါ။

ဘေးမှဆံပင်အနည်းငယ်ကိုယူပါ။

ယူထားသောဆံပင်ကို ကျစ်ထားသောဆံပင်နှင့်ပူးလိုက်ပါ။

သုံးချောင်းကိုပူး၍ပြန်ကျစ်ပါ။

ဘေးမှဆံပင်ကိုယူကာအပေါ်တွင်ပြထားသလို အောက်အထိဆက်ကျစ်သွားပါ။

သားရေကွင်းဖြင့်စည်းပါ။

နောက်တစ်ဖက်မှကျန်သောဆံပင်ကိုလည်း အပေါ်တွင်ပြထားသလိုကျစ်ပါး

ကျစ်ဆံမြှီးကိုအောက်ဖျားမှစ၍ အပေါ်ကိုခွေတင်ပါ။

ဆံပင်အရင်းအတွင်းထဲကိုခေါက်ထည့်လိုက်ပါ။

ကလစ်ဖြင့်သေချာထိုးပေးပါ။

နောက်တစ်ဖက်ကိုလည်း အပေါ်တွင်ပြထားသလိုခွေတင်ကာကလစ်ဖြင့်ထိုးပါ။

အလယ်တွင်ဟနေသောနေရာကိုလည်းကလစ်ဖြင့်ထိုးပါ။

ကြိုက်နှစ်သက်ရာပန်းလေးဖြင့်အလှဆင်ပေးပါ။