Wedding Hair Tutorial

0

မြန်မာတို့ရဲ့ ကျက်သရေနဲ့ပြည့်စုံတဲ့ မင်္ဂလာဧည့်ခံပွဲလေးမှာ ကျက်သရေရှိရှိ လှပနေစေဖို့ ဒီလိုဆံထုံးလေးကို ဆင်ယင်ထုံးဖွဲ့နိုင်ဖို့ အဆင့်ဆင့်ဖော်ပြပေးပါတယ်နော်။

နားနောက်မှ နှစ်ပိုင်းခွဲပါ။

ရှေ့မှချန်ထားသောဆံပင်ကို ဘီးဖြင့်ခြစ်ပါ။

နောက်ဘက်သို့ ဘီးဖြင့်သပ်ယူပါ။

ရှေ့မှယူထားသောဆံပင်ကို နောက်ဘက်တွင် ခေါက်လိုက်ပါ။

ကလစ်ဖြင့်ထိုးပါ။

အဖောင်းလုပ်ထားသော အောက်ဘက်တွင် ကလစ်ဖြင့်ထပ်ထိုးပါ။

ဆံခံကိုသုံးပါမယ်။

အဖောင်းအောက်ဘက်တွင် ဆံခံကိုကပ်၍ ကလစ်ဖြင့်ထိုးပါ။

အောက်ဘက်မှ ကျန်ဆံပင်အနည်းငယ်ကို ယူ၍တစ်ဝက်စည်းပါ။

အတွင်းဘက်မှ လက်လျှို၍စည်းထားသောဆံပင်ကို ယူပါ။

အောက်ဘက်သို့ ဆွဲချပါ။

နောက်တစ်ဝက်ကိုလဲ ထပ်လုပ်ပါ။

အလိမ်စည်းထားသောအစကို ဆံခံတွင်ကပ်၍ ကလစ်ဖြင့်ထိုးပါ။

ကျန်တစ်ဝက်ကို အပေါ်ဘက်မှယူ၍ အဆုံးကိုခွေလိုက်ပါ။

ကလစ်ဖြင့်ထိုးပါ။

အလယ်ကိုချန်၍ တစ်ခြားဖက်မှ ဆံပင်ကိုလဲ နှစ်ပိုင်းခွဲစည်းပါ။

အလိမ်စည်းထားသောအစကို ဆံခံတွင်ကပ်၍ ကလစ်ဖြင့်ထိုးပါ။

ကျန်တစ်ဝက်ကို အပေါ်ဘက်မှယူ၍ အဆုံးကိုခွေသိမ်း၍ ကလစ်ထိုးပါ။

အလယ်မှကျန်သောဆံပင်ကိုလဲ နှစ်ပိုင်းခွဲ၍ စည်းပါ။

တစ်စကိုအရင်ယူ၍ ဆံခံတွင်ကပ်၍ ကလစ်ဖြင့်ထိုးပါ။

နောက်တစ်စကိုလဲယူ၍ ဆံခံတွင်ကပ်၍ ကလစ်ဖြင့်ထိုးပါ။

ကျန်သော အလိမ်အစနှစ်ခုလုံးကို အောက်ဘက်သို့ ယူပါ။

အောက်ဘက်တွင် အစသိမ်းခွေ၍ ကလစ်ဖြင့်ထိုးပါ။

ဆံထိုးဖြင့်အလှဆင်ပါ။