ပြုလုပ်ပုံအဆင့်ဆင့်ကို အောက်မှာဖော်ပြပေးထားလို့ဝင်ကြည့်ပေးနော်။
1.ဆံပင်ကိုကျစ်ပါ။
ဘေးမှဆံပင်အနည်းငယ်ကိုယူပါ။
ယူလိုက်သောဆံပင်ကိုသုံးချောင်းခွဲပါ။
ကျစ်ဆံမြှီးကျစ်ကာ သားရေကွင်းဖြင့်စည်းပါ။
ကွင်းတံကိုသုံးပါ။
ကွင်းတံကိုကျစ်ထားသော ဆံပင်တွင်စိုက်လိုက်ပါ။
ဘေးဘက်အတွင်းမှ ဆံပင်အနည်းငယ်ကိုယူပါ။
ယူလိုက်သောဆံပင်ကို ကွင်းထဲကိုထည့်ပါ။
ကွင်းတံကိုဆွဲထုတ်လိုက်ပါ။
အောက်တွင်ကျန်သောဆံပင်အနည်းငယ်ကိုလည်း အပေါ်တွင်ပြထားတဲ့အတိုင်းလုပ်ပါ။
နောက်တစ်ဖက်ကိုလည်း အပေါ်တွင်ပြထားသလိုကျစ်ဆံမြှီးထဲသို့ ဆံပင်အနည်းငယ်ကိုထည့်ပေးပါ။
2.ဆံပင်ကိုလိမ်ပါ။
ကျန်သောဆံပင်အားလုံးကို နှစ်ဖက်ခွဲကာ သားရေကွင်းဖြင့်စည်းပါ။
တစ်ဖက်ကိုနှစ်ချောင်းခွဲပါ။
ခွဲထားသောဆံပင်ကိုပူး၍လိမ်ပါ။
အဆုံးထိလိမ်ကာ သားရေကွင်းဖြင့်စည်းပါ။
နောက်တစ်ဖက်ကိုလည်း အပေါ်တွင်ပြထားသလိုလိမ်ပေးပါ။
3.ဆံထုံးထုံးပါ။
လိမ်ထားသောဆံပင်တစ်ချောင်းကိုယူကာ အပေါ်ကိုပတ်တင်ပါ။
ကျန်သောဆံပင်ကို အဆုံးထိပတ်တင်၍ ကလစ်ဖြင့်ထိုးပါ။
ကျစ်ထားသောဆံပင်ကို ဆံထုံးကိုပတ်လိုက်ပါ။
ကလစ်ဖြင့်ထိုးပါ။
နောက်တစ်ဖက်မှဆံပင်ကိုလည်း အပေါ်ကိုပတ်တင်ကာ ကလစ်ဖြင့်ထိုးပါ။