ညီမငယ်လေးတွေ ပြုလုပ်ရလွယ်ကူစေဖို့အတွက် ပြုလုပ်ပုံအဆင့်ဆင့်ကို အောက်မှာဖော်ပြပေးထားတယ်နော်။
1.ဆံပင်ကိုကျစ်ပါ။
အရှေ့တစ်စောင်းမှ ဆံပင်အနည်းကိုယူပါ။
ယူလိုက်သောဆံပင်ကို သုံးချောင်းခွဲပါ။
သုံးချောင်းကိုပူး၍ကျစ်ပါ။
ကျစ်ထားသောဘေးမှ ဆံပင်အနည်းငယ်ကိုယူပါ။
ယူလိုက်သောဆံပင်နှင့် ကျစ်ထားသောဆံပင်တစ်ချောင်းကိုပူးပါ။
သုံးချောင်းကိုပူး၍ကျစ်ပါ။
အပေါ်တွင်ပြထားသလို ဘေးမှဆံပင်အနည်းငယ်စီကိုယူကာ ပူး၍ဆက်ကျစ်သွားပါ။
ကျန်သောဆံပင်ကို ကျစ်ဆံမြှီးကျစ်၍ သားရေကွင်းဖြင့်စည်းပါ။
2.ဆံပင်ကိုစည်းပါ။
ကျန်သောဆံပင်အားလုံးကိုစုကာ တစ်စောင်းစည်းပါ။
အပေါ်မှကျစ်ထားသောဆံပင်ကိုယူကာ အောက်တွင်စည်းထားသော ဆံပင်ကိုပတ်လိုက်ပါ။
ပတ်လိုက်သောအစကိုကလစ်ဖြင့်ထိုးပါ။
3.အလှဆင်ပေးပါ။
ကြိုက်နှစ်သက်ရာဖြင့် အလှဆင်ပါ။