ပြုလုပ်တဲ့အခါမှာ လွယ်ကူစေဖို့အတွက် ပြုလုပ်ပုံအဆင့်ဆင့်ကို အောက်မှာဖော်ပြပေးထားတယ်နော်။
1.ကျစ်ဆံမြှီးကျစ်ပါ။
ဘေးဘက်မှဆံပင်အနည်းငယ်ကိုယူပါ။
သုံးချောင်းခွဲပေးပါ။
သုံးချောင်းကိုပူး၍ကျစ်ပါ။
အပေါ်ဘက်မှ ဆံပင်အနည်းငယ်ကိုယူပါ။
ယူလိုက်သောဆံပင်နှင့် ကျစ်ထားသောဆံပင်တစ်ချောင်းစီကိုပူးလိုက်ပါ။
သုံးချောင်းကိုပူး၍ပြန်ကျစ်ပါ။
ဘေးဆံပင်အနည်းငယ်စီကိုယူကာ အနာက်ထိဆက်ကျစ်သွားပါ။
အနည်းငယ်ယူကျစ်ပြီးသောအခါ ကျန်သောဆံပင်ကိုအောက်အထိကျစ်ပါ။
2.ဆံထုံးထုံးပါမယ်။
ကျန်သောဆံပင်အားလုံးကိုစုကာသားရေကွင်းဖြင့်စည်းပါ။
စည်းထားသောဆံပင်ကို နှစ်ချောင်းခွဲပါ။
နှစ်ချောင်းကိုပူးကာလိမ်၍ သားရေကွင်းဖြင့်စည်းပါ။
လိမ်ထားသောဆံပင်ကို ခွေ၍ပတ်လိုက်ပါ။
ကျန်သောအစကိုအဆုံးထိပတ်ကာ ကလစ်ဖြင့်ထိုးပါ။
အပေါ်မှကျစ်ဆံမြှီးကိုယူကာ ဆံထုံးကိုပတ်လိုက်ပါ။
ကလစ်ဖြင့်သေချာထိုးပေးပါ။
3.အလှဆင်ပါ။
ကြိုက်နှစ်သက်ရာဖြင့် အလှဆင်ပါ။