လွယ်လွယ်လေး လိုက်လုပ်ကြည့်လို့ရအောင် အဆင့်ဆင့်လေး ဖော်ပြပေးထားတယ်နော်။
1. ခွဲကြောင်းအရင်ချပေးပါ။
ရှေ့ဆံပင်ကို ဘေးခွဲပါ။
နားနောက်မှ နှစ်ပိုင်းခွဲပါ။
နောက်ဘက်မှ ဆံပင်အနည်းငယ်ကို ယူပါ။
သုံးစယူပါ။
ကျစ်ဆံမြှီးစကျစ်ပါ။
2.နောက်ဘက်မှ ဆံပင်ကို ကျစ်ဆံမြှီးအကပ် ကျစ်ပါ။
အောက်ဘက်မှ ဆံပင်အနည်းငယ်ကို ယူပါ။
ကျစ်ထားသောဆံပင်နှင့် ပေါင်းပါ။
အောက်ဘက်မှ ဆံပင်အနည်းငယ်ကို ယူပါ။
ကျစ်ထားသောဆံပင်နှင့် ပေါင်းပါ။
အဆုံးထိကျစ်၍ သားရေကွင်းဖြင့် စည်းပါ။
ဘေးနားလေးတွေ ဖွပေးပါ။
3.ဘယ်ဘက်မှ ဆံပင်ကို အခွေလေး လုပ်ပါ။
ဘယ်ဘက်မှ ဆံပင်ကို ယူပါ။
အောက်ကနေ စခွေပေးပါ။
အပေါ်ထိခွေသွားပါ။
ကလစ်ဖြင့်ထိုးပါ။
4.ညာဘက်ခြမ်းကိုလဲ အခွေပြုလုပ်ပါ။
ညာဘက်မှ ဆံပင်ကို နှစ်ပိုင်းခွဲပါ။
အပေါ်တစ်စကို အရင်ခွေပါ။
ကလစ်ဖြင့်ထိုးပါ။
အောက်တစ်စကို ဆက်ခွေပါ။
ကလစ်ဖြင့်ထိုးပါ။
အလှဆင်ပါ။