လှလဲလှ လူငယ်လေးလဲဆန်လို့ ပျိုမေလေးတွေ လိုက်လုပ်ကြည့်လို့ရအောင် အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်နော်။
1. ဆံပင်ကိုခွဲကြောင်းချပါ။
ဆံပင်ကို ဘေးခွဲပါ။
ညာဘက်မှဆံပင်ကို နားနောက်မှ ခွဲပါ။
နားနောက်မှဆံပင်ကို နှစ်ခုထပ်ခွဲပါ။
2.ငါးရိုးကျစ်ဆံမြှီးလေးကျစ်ပါမယ်။
နှစ်စခွဲထားသောဆံပင်မှ အနည်းငယ်ကိုယူပါ။
တစ်ဖက်သို့ ပို့ပါ။
ပို့ထားသောဘက်မှ ဆံပင်အနည်းငယ်ကို ထပ်ယူပါ။
တစ်ခြားတစ်ဖက်သို့ပို့ပါ။
ပို့ထားသောဘက်မှ ဆံပင်အနည်းငယ်ကို ထပ်ယူပါ။
တစ်ခြားတစ်ဖက်သို့ပို့ပါ။
ပို့ထားသောဘက်မှ ဆံပင်အနည်းငယ်ကို ထပ်ယူပါ။
တစ်ခြားတစ်ဖက်သို့ပို့ပါ။
3.ကျန်တစ်စကိုလဲ ဆက်ကျစ်ပေးပါ။
ဆံပင်တစ်ဝက်ထိ ကျစ်သွားပါ။
ဖွပေးပါ။
သားရေကွင်းဖြင့်စည်းပါ။
ကျန်တစ်စကိုလဲ ဆက်ကျစ်ပါ။
ဖွပေးပါ။
ထိပ်ဘက်မှဆံပင်ကို ဘီးဖြင့်ခြစ်ပေးပါ။
ကျစ်ဆံမြှီးနှစ်စကို ဘီးဖြင့်ခြစ်ထားသောဆံပင်အောက်တွင် ကလစ်ဖြင့်ထိုးပါ။