ပြုလုပ်တဲ့အခါလွယ်ကူစေဖို့ ပြုလုပ်ပုံအဆင့်ဆင့်ကိုအောက်မှာဝင်ကြည့်ပေးနော်။
1.ဆံပင်ကိုယှက်စည်းပါ။
အရှေ့မှဆံပင်အနည်းငယ်ကိုယူကာ အနောက်တွင်သားရေကွင်းဖြင့်စည်းပါ။
ကွင်းတံကိုသုံးပါ။
ဘေးမှဆံပင်အနည်းငယ်ကိုယူကာ ကွင်းတံကိုဆန့်ကျင်ဘက်အပေါ်တွင်စိုက်ပါ။
ယူထားသောဆံပင်ကို ကွင်းတံထဲကိုထည့်လိုက်ပါ။
ကွင်းတံကိုဆွဲထုတ်လိုက်ပါ။
နောက်တစ်ဖက်ဘေးမှဆံပင်အနည်းငယ်ကိုယူကာ ကွင်းတံကိုဆန့်ကျင်ဘက်အပေါ်တွင်စိုက်ပါ။
ယူထားသောဆံပင်ကို ကွင်းတံထဲကိုထည့်လိုက်ပါ။
ကွင်းတံကိုဆွဲထုတ်လိုက်ပါ။
2.အသည်းပုံစံစည်းပါ။
အပေါ်မှဆွဲချထားသောအစနှစ်ခုကို သားရေကွင်းဖြင့်စည်းပါ။
ဘေးမှဆံပင်အနည်းငယ်ကိုယူကာ စည်းထားသောတစ်ဖက်တွင်ကွင်းတံကိုစိုက်ပါ။
ကွင်းထဲသို့ဆံပင်ကိုထည့်ပါ။
ကွင်းတံကိုဆွဲထုတ်လိုက်ပါ။
ဆွဲထားသောဆံပင်ကိုလျော့လိုက်ကာ လက်ဖြင့်အလယ်သို့နှိုက်ကာအစကိုပြန်ယူပါ။
အစကိုပြန်ဆွဲထုတ်လိုက်ပါ။
နောက်တစ်ဖက်ကိုလည်း အပေါ်တွင်ပြထားသလိုလုပ်ပါ။
အစနှစ်ခုကို သားရေကွင်းဖြင့်စည်းပါ။
3.ကျစ်ဆံင်္မြီးကျစ်ပါ။
အပေါ်ယံဆံပင်အနည်းငယ်ကိုယူကာသုံးချောင်းခွဲပါ။
ပူး၍ကျစ်ပါ။
ဘေးမှဆံပင်အနည်းငယ်ကိုယူပါ။
ယူလိုက်သောဆံပင်ကို ကျစ်ထားသောဆံပင်တစ်ချောင်းနှင့်ပူးပါ။
ဆန့်ကျင်ဘက်မှဆံပင်အနည်းငယ်ကိုယူပါ။
ယူလိုက်သောဆံပင်ကို ကျစ်ထားသောဆံပင်တစ်ချောင်းနှင့်ပူးပါ။
သုံးချောင်းကိုပူး၍ပြန်ကျစ်ပါ။
အပေါ်တွင်ပြထားသလိုအောက်အထိဆက်ကျစ်သွားပါ။
အနည်းငယ်ဆက်ကျစ်ကာသားရေကွင်းဖြင့်စည်းပါ။
4.အလှဆင်ပါ။
ကြိုက်နှစ်သက်ရာဖြင့်အလှဆင်နိုင်ပါတယ်။