ပြုလုပ်တဲ့အခါလွယ်ကူစေဖို့ ပြုလုပ်ပုံအဆင့်ဆင့်ကိုလည်း အောက်မှာဖော်ပြပေးထားတယ်နော်။
1.ဆံပင်ကိုယှက်ပါ။
ဘေးနှစ်ဖက်မှ ဆံပင်အနည်းငယ်ကိုယူပါ။
သားရေကွင်းဖြင့်စည်းပါ။
ကွင်းတံကိုသုံးပါ။
ကွင်းတံကိုဘယ်ဘက်တွင်စိုက်ကာ ညာဘက်မှဆံပင်အနည်းငယ်ကိုယူပါ။
ယူလိုက်သောဆံပင်ကို ကွင်းတံထဲကိုထည့်ပါ။
ကွင်းတံကိုဆွဲထုတ်ပါ။
ကွင်းတံကိုညာဘက်တွင်စိုက်ကာ ဘယ်ဘက်မှဆံပင်အနည်းငယ်ကိုယူပါ။
အပေါ်တွင်ပြထားသလို ကွင်းတံထဲဆံပင်ကိုထည့်ကာ ကွင်းတံကိုဆွဲထုတ်ပါ။
နောက်တစ်ဆင့်ကိုလည်း အပေါ်တွင်ပြထားသလိုလုပ်ပါ။
2.ကျစ်ဆံမြှီးပုံစည်းပါ။
စည်းထားသောဆံပင်ကိုသုံးချောင်းခွဲပါ။
ကျစ်ဆံမြှီးကျစ်ကာ သားရေကွင်းဖြင့်စည်းပါ။
ကွင်းတံကိုကျစ်ဆံမြှီးတစ်ဖက်တွင်စိုက်ပါ။
ဆန့်ကျင်ဘက်မှဆံပင်အနည်းငယ်ကိုယူပါ။
ယူလိုက်သောဆံပင်ကို ကွင်းတံထဲကိုထည့်ပါ။
ကွင်းတံကိုဆွဲထုတ်ပါ။
အပေါ်တွင်ပြထားသလိုအောက်အထိလုပ်ပါမယ်။
3.အလှဆင်ပါ။
ကြိုက်နှစ်သက်ရာဖြင့် အလှဆင်ပါ။