မင်္ဂလာဆောင်နှင့် အလှူပွဲများတွင် ထုံးလို့ရသောဆံထုံးပုံစံ 0 By yuyu on 29/10/2015 Hairstyle မင်္ဂလာဆောင်မှာ ထုံးရင်ပဲဖြစ်ဖြစ် အလှူသွားလို့ ထုံးရင်ပဲဖြစ်ဖြစ် လှပပြီးအလွယ်တကူထုံးလို့ရသော ဆံထုံးလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် 1.ညာဘက်ခြမ်းဆံပင်အနည်းငယ်ကို ချန်ထား၍ ကျန်ဆံပင်အားလုံးကို နောက်တွင် စုချည်ပါ။ 2.စုချည်ထားသောဆံပင်ကို ပုံတွင်ပြထားသည့် အတိုင်းနှစ်ပိုင်းခွဲပါ။ 3.နှစ်ပိုင်းခွဲထားသော ဆံပင်ထဲသို့ စည်းထားသောဆံပင်ကို ထည့်ပါ။ ပုံတွင်ပြထားသည့်အတိုင်း ဖြစ်သွားပါလိမ့်မည်။ 4.ဆံပင်အမြှီးပိုင်းကို သားရေကွင်းဖြင့်ချည်ပါ။ 5.သားရေကွင်းဖြင့် ချည်ထားသော အမြှီးပိုင်းကို အပေါ်ကိုတစ်ပတ် ပဲခေါက်ပြီးတင်ပါ။ 6.ပုံတွင်ပြထားသည့် အတိုင်းကလစ်ထိုးပါ။ 7.ညာဘက်တွင်အနည်းငယ်ချန်ထားသော ဆံပင်ကိုနောက်သို့ ယူ၍ သုံးချောင်းထိုးကျစ်ဆံမြှီး ကျစ်ပါ။ 8.ပုံတွင်ပြထားသည့်အတိုင်း ဆံထုံး ပေါ်သို့ခွေခွေလေးတင်ပါ။ 9.ကျစ်ဆံမြှီး အမြှီးပိုင်းကိုခေါက်ပြီး ကလစ်ထိုးပါ။ 10.ပြီးဆုံးသွားပါပြီ။ ဗွီဒီယိုကိုကြည့်ပါ