ပြုလုပ်ပုံအဆင့်ဆင့်ကို ဖော်ပြပေးထားတဲ့အတွက် အောက်မှာဝင်ကြည့်ပေးနော်။
1.ဆံပင်ကိုလိမ်ပါ။
ဘေးနှစ်ဘက်မှဆံပင်အနည်းငယ်စီကိုယူပါ။
ယူထားသောဆံပင်ကိုပူးကာ သားရေကွင်းဖြင့်စည်းပါ။
ကွင်းတံကိုသုံးပါ။
ကွင်းတံကိုစည်းထားသော တစ်ဖက်တွင်စိုက်ကာ ဆန့်ကျင်ဘက်မှဆံပင်အနည်းငယ်ကိုယူပါ။
ယူလိုက်သောဆံပင်ကို ကွင်းတံထဲကိုထည့်ပါ။
ကွင်းတံကိုဆွဲထုတ်ပါ။
ကွင်းတံကိုဆန့်ကျင်ဘက်တွင်စိုက်ကာ နောက်တစ်ဖက်မှဆံပင် အနည်းငယ်ကိုလည်းယူပါ။
အပေါ်တွင်ပြထားသလိုကွင်းထဲသို့ ဆံပင်ကိုထည့်ကာဆွဲထုတ်ပါ။
နောက်ထပ်တစ်ဆင့်ကို အပေါ်တွင်ပြထားသလိုဆံပင်ကိုထည့်ပါ။
2.ကျစ်ဆံမြှီးကျစ်ပါ။
ဆွဲချထားသောဆံပင်ကိုသုံးချောင်းခွဲပါ။
ကျစ်ဆံမြှီးကျစ်ကာ သားရေကွင်းဖြင့်စည်းပါ။
ကွင်းတံကိုကျစ်သွားသော ကျစ်ဆံမြှီးတွင်စိုက်ပါ။
ဆန့်ကျင်ဘက်မှဆံပင်အနည်းငယ်ကိုယူပါ။
ယူထားသောဆံပင်ကို ကွင်းတံထဲကိုထည့်ပါ။
ကွင်းတံကိုဆွဲထုတ်ပါ။
ကျန်သောဆံပင်များကိုလည်း အပေါ်တွင်ပြထားသလိုဆက်ထည့်သွားပါ။
3.ကျစ်ဆံမြှီးကျစ်၍ဆံထုံးထုံးပါ။
ကျန်သောဆံပင်အားလုံးကို သုံးချောင်းခွဲပါ။
ကျစ်ဆံမြှီးကျစ်ပါ။
အတွင်းကိုလိပ်ထည့်ပါ။
အဆုံးထိလိပ်ထည့်လိုက်ပါ။
ကလစ်ဖြင့်ထိုးပါ။
4.အလှဆင်ပါ။
ကြိုက်နှစ်သက်ရာဖြင့် အလှဆင်ပါ။