လူငယ်ဆန်ဆန် ဆံပင်စည်းနည်းလေးကို အလွယ်တကူစည်းနိုင်ရန်အတွက် တစ်ဆင့်ချင်းတင်ပြလိုက်ပါတယ်။
1.ကျစ်ဆံမြှီးကျစ်ပါမယ်။
ဆံပင်သုံးချောင်းခွဲပါမယ်။
ခွဲထားသောဆံပင်ကို ကျစ်ဆံမြှီးကျစ်ပါမယ်။
ကျစ်ထားသောဆံပင်ကို သားရေကွင်းစည်းပါမယ်။
နောက်ဆံပင်ကိုလဲ သုံးချောင်းခွဲပြီး ကျစ်ဆံမြှီးကျစ်ပါမယ်။
အောက်မှကျန်နေသောဆံပင်အားလုံးကို စုစည်းလိုက်ပါမယ်။
စုစည်းထားသောဆံပင်မှ ဆံပင်အနည်းငယ်ယူပါမယ်။
ယူထားသောဆံပင်ကို ပတ်ပေးရပါမယ်။
ပတ်ထားသောဆံပင်အဆုံးကို ကလစ်ဖြင့်ထိုးပါမယ်။