ငါးရိုးကျစ်ဆံမြှီးကို ခက်တယ်ထင်နေတဲ့ ပျိုမေတို့အတွက် လွယ်ကူစွာပြုလုပ်နိုင်ဖို့ အဆင့်ဆင့်ဖော်ပြ ပေးလိုက်ပါတယ်နော်။
1. ညာဘက်ကို ငါးရိုးအကပ်စကျစ်သွားပါ။
ဆံပင်ကို နှစ်ဖက်ခွဲစည်းပါ။
ညာဘက်မှ ရှေ့ဆံပင်အနည်းငယ်ကိုယူ၍ နှစ်စခွဲပါ။
ခွဲထားသောဆံပင်မှ အနည်းငယ်ကို ထပ်ယူပါ။
ယူထားသောဆံပင်ကို တစ်ဖက်သို့ပို့ပါ။
တစ်ခြားဖက်မှဆံပင်ကို အနည်းငယ်ယူပါ။
တစ်ဖက်သို့ပို့ပေးပါ။
ဘေးမှ ဆံပင်အနည်းငယ်ကို ထပ်ယူပါ။
တစ်ဖက်သို့ပို့ပေးပါ။
တစ်ခြားဖက်မှဆံပင်ကို အနည်းငယ်ယူပါ။
တစ်ဖက်သို့ပို့ပေးပါ။
2.ဘယ်ဘက်ကိုလဲ ငါးရိုးအကပ်ကျစ်သွားပါ။
ဆံပင်ကိုတစ်ဝက်ထိ ကျစ်သွားပါ။
သားရေကွင်းဖြင့်စည်းပါ။
တစ်ခြားတစ်ဖက်ကိုလဲ တစ်ဝက်ထိကျစ်သွားပါ။
ကျစ်ထားသောဆံပင်နှစ်ခုကို စုယူပါ။
သားရေကွင်းဖြင့် ထပ်စည်းပါ။
3. စည်းထားသောဆံပင်ကိုလဲ ငါးရိုးကျစ်ဆံမြှီး ကျစ်ပါ။
စည်းထားသောဆံပင်မှ နှစ်စထပ်ခွဲပါ။
ခွဲထားသောဆံပင်မှ အနည်းငယ်ယူပါ
တစ်ဖက်သို့ ပို့ပါ။
တစ်ဖက်မှ ဆံပင်အနည်းငယ်ကို ထပ်ယူပါ။
တစ်ဖက်သို့ ပို့ပါ။
4.ဆက်လက်လုပ်ဆောင်ပါ။
အဆုံးထိကျစ်သွားပါ။
သားရေကွင်းဖြင့်စည်းပါ။
ပန်းများဖြင့်အလှဆင်ပါ။
အဆုံးထိကျစ်ထားသောဆံပင်ကို အတွင်းသို့ခေါက်ထည့်ပါ။
ဆံပင်အရင်းတွင် ကပ်၍ကလစ်ဖြင့်ထိုးပါ။