လှလဲလှ လူငယ်လေးလဲဆန်လို့ ပျိုမေလေးတွေ လိုက်လုပ်ကြည့်လို့ရအောင် အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်နော်။
1. ကျစ်ဆံမြှီးအကပ်ကျစ်ပါမယ်။
ဆံပင်ခွဲကြောင်းကို ဇစ်ပုံစံခွဲပေးပါ။
ညာဘက်မှ ရှေ့ဆံပင်အနည်းငယ်ကိုယူ၍ သုံးစခွဲပါ။
ကျစ်ဆံမြှီးစကျစ်ပါ။
ဘေးဘက်မှ ဆံပင်အနည်းငယ်ကို ယူပါ။
ကျစ်ထားသောဆံပင်နှင့် ပေါင်းကျစ်ပါ။
တစ်ဖက်ဘေးမှ ဆံပင်အနည်းငယ်ကို ယူပါ။
ကျစ်ထားသောဆံပင်နှင့် ပေါင်းကျစ်ပါ။
2.အောက်ဘက်ဆံပင်ကို စည်း၍ ဖွပေးပါ။
ကျစ်ဆံမြှီးကို ဖွပေးပါ။
ဆံပင်ကိုတစ်ဝက်ထိကျစ်၍ စည်းပါ။
အောက်ဘက်မှဆံပင်အားလုံးကို စုယူ၍တစ်ဝက်အရင်စည်းပါ။
ကျန်ဆံပင်ကိုယူပါ။
တစ်ဝက်စည်းပါ။
ဖွပေးပါ။
ကလစ်ဖြင့်ထိုးပါ။
တစ်ဖက်ဆံပင်ကိုလဲ အဆင့်ဆင့်လုပ်၍ ကလစ်ဖြင့်ထိုးပါ။