ပြုလုပ်ပုံအဆင့်ဆင့်ကို အောက်မှာဖော်ပြပေးထားတယ်နော်။
1.အသည်းပုံစံလုပ်ပါ။
ဘေးမှဆံပင်အနည်းငယ်စီယူကာ အနောက်တွင်သားရေကွင်းဖြင့်စည်းပါ။
စည်းထားသောဘေးမှ ဆံပင်အနည်းငယ်ကိုထပ်ယူပါ။
ကွင်းတံကိုသုံးပါ။
စည်းထားသောဆံပင်တွင် ကွင်းတံကိုစိုက်ကာ ကွင်းထဲသို့ဆံပင်ကိုထည့်ပါ။
ကွင်းတံကိုဆွဲထုတ်ကာ အလယ်တွင်ပြန်စိုက်ပါ။
ကွင်းတံထဲကိုပိုနေသောအစကိုထည့်ပါ။
ကွင်းတံကိုဆွဲထုတ်ပါ။
နောက်တစ်ခြမ်းကို အပေါ်တွင်ပြထားတဲ့အတိုင်းလုပ်ပါ။
ဆွဲထုတ်လိုက်သော အစနှစ်ဖက်ကိုပူးလိုက်ကာ သားရေကွင်းဖြင့်စည်းပါ။
2.ကျစ်ဆံမြှီးအသည်းပုံလုပ်ပါ။
ဘေးမှဆံပင်အနည်းငယ်ကိုယူပါ။
ကျစ်ဆံမြှီးကျစ်ကာ သားရေကွင်းဖြင့်စည်းပါ။
နောက်တစ်ဖက်ကိုလည်း ကျစ်ဆံမြှီးကျစ်ကာ သားရေကွင်းဖြင့်စည်းပါ။
ကွင်းတံကိုအပေါ်တွင် စည်းထားသောဆံပင်တွင်စိုက်ကာ ကွင်းထဲသို့ကျစ်ဆံမြှီးကိုထည့်ပါ။
ကွင်းတံကိုဆွဲထုတ်ပါ။
ကျစ်ဆံမြှီးကိုအနည်းငယ်ပြန်လျှော့ကာ လက်နှိုက်၍အစကိုဆွဲပါ။
အစကိုဆွဲချလိုက်ပါ။
နောက်တစ်ဖက်ကိုလည်း အပေါ်တွင်ပြထားသလိုလုပ်ပါ။
ဆွဲထုတ်ထားသောအစနှစ်ခုကို ပူး၍သာရေကွင်းဖြင့်စည်းပါ။
3.အလှဆင်ပါ။
ကြိုက်နှစ်သက်ရာဖြင့် အလှဆင်နိုင်ပါတယ်။