အဆင့်ဆင့်ပြုလုပ်လို့ရအောင် ဖော်ပြထားလို့ လိုက်လုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
1. ဆံပင်ကို အဆင့်ဆင့်စည်း၍ အခုံးလေးတွေလုပ်ပေးပါ။
ထိပ်ဘက်မှ ရှေ့ဆံပင်အနည်းငယ်ကို စည်းပါ။
ဘေးဘက်မှဆံပင်နှင့် အပေါ်ဘက်မှဆံပင်ကို စုယူပါ။
ယူထားသောဆံပင်ကို သားရေကွင်းဖြင့် တစ်ဝက်စည်းပေးပါ။
တစ်ဝက်စည်းထားသောဆံပင်ကို ဖွပေးပါ။
တစ်ဝက်အဟလေးကို ဆံပင်နှင့်ကပ်လျှပ်တွင် ကလစ်ဖြင့်ထိုးပါ။
2.ဆံပင်ကုန်သည်အထိ အဆင့်ဆင့် လုပ်ဆောင်ပါ.
အောက်ဆုံးကျန်သောဆံပင်ကို တစ်ဝက်စည်းပါ။
တစ်ဝက်အဟလေးကို ဆံပင်နှင့်ကပ်လျှပ်တွင် ကလစ်ဖြင့်ထိုးပါ။
ပိုသောဆံပင်ကို ခွေပေးပါ။
အခွေကို အဟနေရာလေးတွင် ထည့်ပါ။
ကလစ်ဖြင့်ထိုးပါ။
ဆံပင်အားလုံး ပြုလုပ်ပြီးပုံဖြစ်ပါတယ်။
ဆံထိုးလေးများဖြင့်အလှဆင်ပါ။