ပြုလုပ်ပုံအဆင့်ဆင့်ကို အောက်မှာကြည့်ပေးနော်။
1.ကျစ်ဆံမြှီးကျစ်ပါ။
အရှေ့မှဆံပင်အနည်းငယ်ကိုယူကာ အနောက်တွင်သားရေကွင်းဖြင့်စည်းပါ။
ဘေးမှဆံပင်အနည်းငယ်ကိုယူပါ။
သုံးချောင်းခွဲပါ။
ကျစ်ဆံမြှီးကျစ်ကာသားရေကွင်းဖြင့်စည်းပါ။
နောက်တစ်ဖက်ကိုလည်း ကျစ်ဆံမြှီးကျစ်ပါ။
ကျစ်ထားသောနှစ်ချောင်းကို အနောက်တွင်ပူးကာ သားရေကွင်းဖြင့်စည်းပါ။
2.ဆံပင်ကိုကျစ်ဆံမြှီးထဲကိုထည့်ပါ။
ကွင်းတံကိုသုံးပါ။
ကွင်းတံကိုကျစ်ဆံမြှီးထဲတွင်စိုက်လိုက်ပါ။
စည်းထားသောစီမှဆံပင်အနည်းငယ်ကိုယူပါ။
ယူလိုက်သောဆံပင်ကို ကွင်းထဲကိုထည့်လိုက်ပါ။
ကွင်းတံကိုဆွဲထုတ်လိုက်ပါ။
အပေါ်တွင်ပြထားသလိုဆံပင်ကိုယူကာ ကျစ်ဆံမြှီးထဲကိုဆက်၍ထည့်သွားပါ။
နောက်တစ်ဖက်ကိုလည်း အပေါ်တွင်ပြထားသလိုဆံပင်ကိုထည့်သွားပါ။
3.အလှဆင်ပါ။
ကြိုက်နှစ်သက်ရာဖြင့်အလှဆင်ပါ။