ကျစ်ဆံမြှီးလန်းလန်းလေးတွေကျစ်ချင်သူများအတွက် မြွေပုံစံ ကျစ်ဆံမြှီးအလိမ်လေးဖန်တီးပေးလိုက်ပါတယ်။
1.အရှေ့ဆံပင်ကို ပုံတွင်ပြထားသည့်အတိုင်း သုံးချောင်းခွဲကိုင်ပါ။
2.ပုံတွင်ပြထားသည့်အတိုင်း သုံးချောင်းထိုး ကျစ်ဆံမြှီးကျစ်ပါ။
3.အမြှီးပိုင်းအထိကျစ်သွားပါ။
ပုံတွင်ပြထားသည့်အတိုင်း ဘယ်လက်တွင် တစ်ချောင်းပဲကျန်ရမည်။ ညာလက်တွင် နှစ်ချောင်းစုကိုင်ထားပါ။
4.ဘယ်ဘက်လက်ဖြင့်ကိုင်ထားသော ဆံပင်တစ်ချောင်းကို သေချာကိုင်ပါ။
ညာလက်ဖြင့်ကိုင်ထားသောဆံပင်နှစ်ဖက်ကို အပေါ်သို့တစ်ဖြည်းဖြည်း တွန်းတင်သွားပါ။
5.ပုံတွင်ပြထားသည့်အတိုင်း အစနေရာသို့ရောက်အောင်တွန်းတင်သွားပါ။
6.တွန်းတင်သွားသော ဆံပင်ကို နောက်သို့တဖြည်းဖြည်းဆွဲချလာပါ။
အရမ်းကျဲကျဲ ကြီးမဆွဲပါနဲ့။ ကျဲသွားရင်မလှတော့ပါဘူး။