ရှေ့အမောက်လေးနဲ့ အမြင်တစ်မျိုးဆန်းအောင် ထုံးဖွဲ့ထားလို့ လေ့ကျင့်သူများ အဆင်ပြေဖို့ အဆင့်ဆင့်ဖော်ပြ ပေးလိုက်ပါတယ်နော်။
1. ရှေ့ဆံပင်ကို ဘေးခွဲ၍အမောက် လုပ်ပါ။
ဆံပင်ကို နားနောက်မှ နှစ်ပိုင်းခွဲ၍ နောက်ဘက်မှဆံပင်ကို မြင့်မြင့်စည်းပါ။
ရှေ့ဆံပင်ကို ဘေးခွဲလုပ်ပါ။
ဘယ်ဘက်မှဆံပင်ကို အရင်ဖွပေးပါ။
စည်းထားသော ဆံပင်ပေါ်အုပ်၍ ကလစ်ဖြင့်ထိုးပါ။
ညာဘက်မှ ဆံပင်ကိုဖွပေးပါ။
ဘဲညှပ်လေးများဖြင့် အမောက်ကိုထိန်းထားပါ။
ဘဲညှပ်နေရာတွင် ကလစ်ဖြင့်ထိုးပါ။
ကလစ်ဖြင့်ထိန်းထားသောဆံပင်ကို တစ်ဖက်သို့ပို့ပေးပါ။
စည်းထားသော ဆံပင်ပေါ်အုပ်၍ ကလစ်ဖြင့်ထိုးပါ။
2.ဆံကျွတ်ခံ၍ ဆံထုံးလုပ်ပါ။
ဆံကျွတ်ကို သုံးပေးပါ။
စည်းထားသောဆံပင်ပေါ် ဆံကျွတ်အုပ်၍ ကလစ်ဖြင့်ထိုးပါ။
စည်းထားသောဆံပင်မှ အနည်းငယ်ကို ယူပါ။
ဆံပင်ကို ဘီးဖြင့်သပ်၍ ဆံကျွတ်ကို အုပ်ပေးပါ။
ကလစ်ဖြင့်ထိုးပါ။
စည်းထားသောဆံပင်မှ နောက်ထပ်အနည်းငယ်ကို ယူပါ။
ဆံပင်ကို ဘီးဖြင့်သပ်၍ ဆံကျွတ်ကို အုပ်ပေးပါ။
ကော်ဖြင့်အားလုံးကို ဖြန်းပေးပါ။
3.နောက်တစ်ခြမ်းကို အခွေလေးများ လုပ်ပေးပါ။
ဆံပင်အနည်းငယ်ကို ထပ်ယူပါ။
ဆံထုံးအရင်းတွင် ကပ်၍အခွေလေးလုပ်ပါ။
ကလစ်ဖြင့်ထိုးပါ။
ပိုသောဆံပင်ကို ထပ်ခွေပါ။
ကလစ်ဖြင့်ထိုးပါ။
ဆံပင်အနည်းငယ်ကို ထပ်ယူပါ။
ဆံထုံးတွင် ကပ်၍အခွေလုပ်ပြီး ကလစ်ထိုးပါ။
ဆံထုံးတစ်ခုလုံးကို အခွေလေးများလုပ်သွားပါ။
ဆံထိုးများဖြင့်အလှဆင်ပါ။