အောက်မှာဝင်ကြည့်ပေးနော်။
1.ဆံပင်ကိုကျစ်ပါ။
အရှေ့နှစ်ဖက်မှ ဆံပင်အနည်းကိုချန်ပါ။
အနောက်မှဆံပင်အားလုံးကို သားရေကွင်းဖြင့်စည်းပါ။
ကွင်းတံကိုသုံးပါ။
ကွင်းတံကိုစည်းထားသောအောက်မှ အပေါ်သို့စိုက်လိုက်ပါ။
အောက်ဖက်မှဆံပင်အနည်းငယ်ကိုယူပါ။
ကွင်းတံထဲကိုယူထားသောဆံပင်ကိုထည့်ပါ။
ကွင်းတံကိုဆွဲထုတ်လိုက်ပါ။
2.ကျစ်ဆံမြှီးကျစ်ပါ။
ဆွဲထုတ်ထားသောဆံပင်ကို နှစ်ချောင်းခွဲပါ။
တစ်ဖက်မှဆံပင်ကိုယူကာ အရှေ့တွင်ချန်ထားသော ဆံပင်ဖြင့်ပူးကာသုံးချောင်းခွဲပါ။
ကျစ်ဆံမြှီးကျစ်၍ သားရေကွင်းဖြင့်စည်းပါ။
နောက်တစ်ဖက်ကိုလည်း အပေါ်တွင်ပြထားသလို ကျစ်ဆံမြှီးကျစ်ပါ။
ကျန်သောဆံပင်ကို သုံးချောင်းခွဲပါ။
ကျစ်ဆံမြှီးကျစ်ပါ။
ကျစ်ထားသောဆံပင်များကို ပူးကာသားရေကွင်းဖြင့်စည်းပါ။
3.အလှဆင်ပါ။
ကြိုက်နှစ်သက်ရာဖြင့် အလှဆင်နိုင်ပါတယ်။