သင်ယူလေ့လာနေသူများအတွက် အဆင့်ဆင့်လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
1. ရှေ့ဆံပင်ကို အရင်အလယ်ခွဲ၍ နောက်ဘက်တွင် စုစည်းပါ။
ဆံပင်ကို နားနောက်မှ နှစ်ပိုင်းခွဲပါ။
နောက်ဘက်မှ ဆံပင်ကိုစု၍ သားရေကွင်းဖြင့် စည်းပါ။
ရှေ့ဆံပင်ကို အလယ်ခွဲ၍ ညာဘက်မှဆံပင်ကို အရင်ယူပါ။
သားရေကွင်းပေါ်အုပ်၍ ကလစ်ဖြင့်ထိုးပါ။
ဘယ်ဘက်မှဆံပင်ကို အရင်ယူပါ။
သားရေကွင်းပေါ်အုပ်၍ ကလစ်ဖြင့်ထိုးပါ။
2.ဆံပင်ကို ကုန်သည်အထိ အခွေလေးများလုပ်ပါ။
စည်းထားသောဆံပင်မှ အနည်းငယ်ကို ယူပါ။
အပေါ်ဘက်တွင်ခွေ၍ ကလစ်ဖြင့်ထိုးပါ။
နောက်ထပ် ဆံပင်အနည်းငယ်ကို ယူပါ။
တစ်ခြားဘက်တွင်ခွေ၍ ကလစ်ဖြင့်ထိုးပါ။
နောက်ထပ် ဆံပင်အနည်းငယ်ကို ယူပါ။
ဆန့်ကျင်ဘက်တွင်ခွေ၍ ကလစ်ဖြင့်ထိုးပါ။
ဆံပင်ကုန်သည်အထိ ခွေ၍ကလစ်ထိုးသွားပါ။
အခွေအားလုံးပြီးစီးသွားပါပြီ။
ဆံထိုးများဖြင့်အလှဆင်ပါ။