သင်ယူလေ့ကျင့်ချင်သူများအတွက် လွယ်ကူစေရန် အဆင့်ဆင့် ဖော်ပြပေးလိုက်ပါတယ်နော်။
1. အပေါ်ဆံပင်ကို လက်လျှို၍ လိမ်ပေးပါ။
အပေါ်ဆံပင်အနည်းငယ်ကို သားရေကွင်းဖြင့် စည်းပါ။
စည်းထားသောဆံပင်ကြားမှ လက်လျှို၍ ဆံပင်ကိုယူပါ။
အောက်ဘက်သို့ ဆွဲချပါ။
နောက်ထပ်ဆံပင်အနည်းငယ်ကို ယူ၍စည်းပါ။
ပထမအတိုင်းလုပ်၍ အောက်ဘက်သို့ ဆွဲချပါ။
တတိယတစ်ခုကိုလဲ ဆက်လုပ်ပါ။
2.နောက်ဘက်မှ ဆံပင်ကို အလိမ်လေးတွေ လုပ်ပေးပါ။
ကျန်ဆံပင်အားလုံးကို စုစည်းပါ။
စည်းထားသောဆံပင်မှ အနည်းငယ်ကို ယူ၍လိမ်လိုက်ပါ။
စည်းထားသော သားရေကွင်းကို ဟလိုက်ပါ။
လိမ်ထားသောဆံပင်ကို ထည့်ပါ။
ကိုယ်လိုသလောက် ဆံပင်ကို အလိမ်လေးတွေ လုပ်ပေးပါ။
3.ဆံပင်အလိမ်လေးများကို စု၍ဆံထုံးလေး လုပ်ပေးပါ။
သားရေကွင်းပေါ်သို့ ပိုသောအစလေးများကို ပတ်၍ကလစ်ဖြင့်ထိုးပါ။
လိမ်ထားသောဆံပင်ကို ကပ်၍ ကလစ်ဖြင့်ထိုးပါ။
နောက်တစ်ခုကိုလဲ မိမိအဆင်ပြေသော နေရာတွင်ကပ်၍ ကလစ်ဖြင့်ထိုးပါ။
နောက်ဆုံးတစ်ခုကိုယူ၍ ကလစ်ဖြင့်ထပ်ထိုးပါ။
ပန်းဖြင့်အလှဆင်ပါ။