ဆံပင်ရှည်တဲ့ ကိုယ့်ညီမလေးကို ဒီလိုဆံပင်ပုံစံလေးစမ်းပြီး လုပ်ကြည့်ပေးနော်။
1. အပေါ်ဆံပင် တစ်ဝက်ကို သားရေကွင်း ဖြင့်စည်းပါ။။
ရှေ့ဆံပင်တစ်ဝက်ကို သားရေကွင်းဖြင့် စည်းပါ။
စည်းထားသောဆံပင်ကို နှစ်ခုခွဲပါ။
တစ်စကို ဘဲညှပ်ဖြင့်ထိန်းထား၍ ကျန်တစ်စကို သုံးခုခွဲပါ။
ကျစ်ဆံမြှီးကျစ်ပါ။
2. နောက်ဘက်မှ ကျစ်ဆံမြှီးကို ဆွဲကျစ်ပါ။
အောက်ဘက်မှ ဆံပင်အနည်းငယ်ကို ဆွဲယူပါ။
ကျစ်ထားသောဆံပင်နှင့် ပေါင်းကျစ်ပါ။
အောက်ဘက်မှ ဆံပင်အနည်းငယ်ကို ထပ်ဆွဲယူပါ။
ကျစ်ထားသောဆံပင်နှင့် ပေါင်းကျစ်ပါ။
အဆုံးထိကျစ်၍ သားရေကွင်းဖြင့်စည်းပါ။
3. တစ်ဖက်အတိုင်း ဆက်လက် လုပ်ဆောင်ပါ။
တစ်ဖက်ကျစ်ဆံမြှီးအတိုင်း ဆက်ကျစ်ပါ။
အစနှစ်ခုကိုပေါင်း၍ သားရေကွင်းစည်းပါ။
Fancy ဆံညှပ်ဖြင့်အလှဆင်ပါ။