လွယ်ကူရိုးရှင်းပြီး ဆန်းသစ်လှပသော ငါးရိုးကျစ်ဆံထုံးပုံစံ အသစ်လေးကို ပျိုမေလေးများ လှပစေရန် ရည်ရွယ်၍ ဖော်ပြပေးလိုက်ပါတယ်။
1.ကျစ်ဆံမြှီးကျစ်ပါ။
အနောက်မှ ဆံပင်အနည်းငယ်ကို ယူပါမည်။
ယူထားသော ဆံပင်ကို သုံးချောင်းခွဲပါမည်။
ကျစ်ဆံမြှီးကျစ်ပါမည်။
ဘယ်ဖက်မှ ဆံပင်အနည်းငယ်ကို ယူပါမည်။
ယူထားသော ဆံပင်ကို ကျစ်ဆံမြှီးကျစ်ထားသော ဆံပင်နှင့် ပူးပါမည်။
ညာဖက်မှ ဆံပင်အနည်းငယ်ကိုယူပါမည်။
ယူထားသော ဆံပင်ကို ကျစ်ဆံမြှီးကျစ်ထားသောဆံပင်နှင့်ပူးပါမည်။
ပူးပြီး ကျစ်လိုက်ပါမည်။
ညာဖက်နှင့်ဘယ်ဘက်မှ ဆံပင်ကိုထပ်ယူပြီး ကျစ်ဆံမြှီးကျစ်ထားသော ဆံပင်နှင့်ပူးပါမည်။
ယူထားသော နှစ်ဖက်ကို ပေါင်းပြီး ကျစ်လိုက်ပါမည်။
ဘေးမှ ဆွဲယူပြီး ဆက်ကျစ်ပါမည်။
သရေကွင်းစည်းပါမည်။
2.ဆံထုံးထုံးပါ။
ကျန်သော ဆံပင်အားလုံးကို ယူပြီး လိပ်ပြီး ပတ်လိုက်ပါမည်။
ကလစ်ထိုးပါမည်။