ဘုရားသွားဖူးရင်ပဲဖြစ်ဖြစ် မြန်မာဆန်ဆန်လေးနဲ့လှချင်သော ပျိုမေတို့နှင့် ဆံပင်ပုံစံအဆန်းလေးတွေဖန်တီးရတာကို နှစ်သက်သော ပျိုမေတို့အတွက် ဝေဖာကတော့ ပုံစံလေး ဖန်တီးပေးလိုက်တယ်နော်!
1.ဘယ်ညာနှစ်ဖက်မှ ဆံပင်အနည်းငယ်စီကို ယူပြီးနောက်သို့စုချည်ပါ။
2.စုချည်ထားသော ဆံပင်အမြှီးပိုင်းကို အပေါ်သို့ပို့ပြီး ကလစ်ဖြင့် ညှပ်ထားပါ။
3.ကတော့ပုံစံလုပ်ဖို့အတွက်အစပြုပါမည်။
စည်းထားသောဆံပင်အောက်ပိုင်းမှ ဘယ်ညာဆံပင်အနည်းငယ်ဆီထပ်ယူပါမည်။ ယူထားသည့်ဆံပင်ကို သားရေကွင်းနှင့် ချည်ထားပါ။
4.ပုံတွင်ပြထားသည့်အတိုင်း ကလစ်ဖြင့်ညှပ်ထားသော ဆံပင်ကိုကလစ်ဖြုတ်ပါ။
5.နှစ်ဆင့်မြောက်စည်းထားသော ဆံပင်ကိုပုံတွင်ပြထားသည့်အတိုင်း အပေါ်သို့တင်ပါ။
အပေါ်သို့တင်ရာတွင် ပထမအဆင့် ဆံပင်၏သားရေကွင်းစည်းထားသောနောက်ဘက် သို့အပေါ်ထောင်ပြီးသွင်းပါ။
6.အပေါ်ထောင်ပြီးသွင်းထားသော ဆံပင်ကို ကလစ်ဖြင့် ညှပ်ထားပါ။
7.ဘယ်ညာဆံပင်အနည်းငယ်စီထပ်ယူပါ။
8.ကလစ်တပ်ထားသောဆံပင်ကိုဖြုတ်ပါ။
သုံးဆင့်မြောက် စည်းထားသော ဆံပင်ကိုကလစ်ဖြုတ်ထားသော ဆံပင်ထဲသို့အပေါ်ထောင်ပြီး သွင်းပါ။
9.ဒီပုံစံလေးဖြစ်သွားပါလိမ့်မည်။
10.နောက်ထပ်ဘယ်ညာဆံပင်ကိုအနည်းငယ်ဆီထပ်ယူပါ။
11.Step (5) အတိုင်းဆံပင်ကိုအပေါ်သို့ထောင်သွင်းပါ။
12.နောက်ထပ်တစ်ဆင့် ထပ်လုပ်ပါ။
ဘယ်ညာဆံပင်အနည်းငယ်ယူပါ။ သားရေကွင်းဖြင့်စည်းပါ။
Step (5) အတိုင်းဆံပင်ကိုအပေါ်သို့ထောင်သွင်းပါ။
*တစ်ဆင့်ပြီးတိုင်း အပေါ်ထောင်ပြီးကလစ်ပြန်ညှပ်ပါ။
13.ပုံတွင်ပြထားသည့်အတိုင်း သားရေကွင်းမှဆံပင်ကိုဖြုတ်ပါ။
14.အဆုံးသတ်ဖို့အတွက်ပြင်ဆင်ပါမည်။
သားရေကွင်းဖြုတ်ထားသောဆံပင်ကို နှစ်ပိုင်းခွဲပါ။