ဧည့်ခံပွဲတွေမှာ သူများနဲ့မတူဘဲ တစ်မျိုးဆန်းပြီး လှနေစေမယ့် ဆံထုံးလေးမို့ လိုက်လုပ်ကြည့်လို့ရအောင် အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်။
1. ရှေ့ဆံပင်တွေကို အရင်အလှဆင်ပါ။
ရှေ့ဆံပင်အနည်းငယ်ချန်၍ နောက်ဘက်မှ ဆံပင်ကို သားရေကွင်းဖြင့် စုစည်းပါ။
ညာဘက်မှ ချန်ထားသောဆံပင်ကို ဆွဲယူပါ။
စည်းထားသောဆံပင်ကို အုပ်၍ကလစ်ဖြင့်ထိုးပါ။
ဘယ်ဘက်မှ ဆံပင်ကိုလိမ်လိုက်ပါ။
စည်းထားသောဆံပင်ကို အုပ်လိုက်ပါ။
ကလစ်ဖြင့်ထိုးပါ။
2. ဆံထုံးကို တစ်ခြမ်းစောင်းပုံစံလေးယူပါ။
စည်းထားသောဆံပင်ကို တစ်ဝက်ထပ်စည်းပါ။
တစ်ဝက်စည်းထားသော ဆံပင်အလယ်မှ လက်ဖြင့်ခေါက်ယူပါ။
သားရေကွင်းစည်းထားသောနေရာကို ကလစ်ဖြင့်ထိုးပါ။
အပေါ်ဘက်အဟလေး ဖြစ်နေသော နေရာကိုကလစ်ဖြင့်ထိုးပါ။
3.အပြီးသက်၍ အလှဆင်ပါ။
ပိုနေသောဆံပင်တွေကို အစနှစ်ခုခွဲလိုက်ပါ။
တစ်စကိုယူ၍ ခွေပါ။
ဟနေသောနေရာမှာ အခွေကိုထည့်၍ ကလစ်ဖြင့်ထိုးပါ။
ကျန်သောအစကို ဆံထုံးအောက်ဘက်မှ ပတ်ယူပါ။
ကလစ်ဖြင့်ထိုးပါ။
ပန်းများဖြင့်အလှဆင်ပါ။