သင်ယူလေ့ကျင့်ချင်သူများအတွက် လွယ်ကူစေရန် အဆင့်ဆင့် ဖော်ပြပေးလိုက်ပါတယ်နော်။
1. အောက်ဆံပင်ကို ကျစ်ဆံမြှီး ဆွဲကျစ်ပါမယ်။
အပေါ်ဆံပင်တစ်ဝက်ကို ဘဲညှပ်ဖြင့်ညှပ်ပါ။
အောက်ဘက်ဆံပင် ဘေးဘက်ကို အစသုံးစခွပါ။
ကျစ်ဆံမြှီးစကျစ်ပါ။
ကျန်ဆံပင်အနည်းငယ်ကို ဆွဲယူပါ။
ကျစ်ထားသောဆံပင်နှင့် ပေါင်းကျစ်ပါ။
ကျန်ဆံပင်အနည်းငယ်ကို ဆွဲယူပါ။
ကျစ်ထားသောဆံပင်နှင့် ပေါင်းကျစ်ပါ။
2.အဆုံးထိကျစ်ဆံမြှီး ကျစ်ပါ။
အောက်ဘက်မှ ဆံပင်ကုန်သည်အထိ ကျစ်သွားပါ။
ရှေ့ဘက်မှ ကျန်နေသောအစကို ဆွဲယူပါ။
ကျစ်ထားသောဆံပင်နှင့် ပေါင်းကျစ်ပါ။
အဆုံးထိကျစ်သွားပါ။
3.အပေါ်ဆံပင်ကို အခေါက်ဆံထုံးလေးပြုလုပ်ပါ။
အပေါ်ဆံပင်တစ်ဝက်ကို အဖောင်းပြုလုပ်ပါ။
ကလစ်ဖြင့်ထိုးပါ။
ကျန်နေသောဆံပင်ကို ခေါက်လိုက်ပါ။
ကလစ်ဖြင့်ထိုးပါ။
အောက်ဘက်တွင်လည်း ကလစ်ဖြင့်ထပ်ထိုးပါ။
4.အောက်ဘက်မှ ကျစ်ဆံမြှီးကို ပတ်၍အလှဆင်ပါ။
ကျန်ဆံပင်ကို ခေါက်ထားသောဆံပင်တွင် ပတ်လိုက်ပါ။
အဆုံးတွင် ကလစ်ဖြင့်ထိုးပါ။
အောက်ဘက်မှ ကျစ်ဆံမြှီးဖြင့် ဆံထုံးကိုပတ်၍ ကလစ်ဖြင့်ထိုးပါ။
အဆုံးထိပတ်၍ ကလစ်ဖြင့်ထိုးပါ။
ဆံထိုးဖြင့်အလှဆင်ပါ။