ဧည့်ခံပွဲနားနီးလို့ အချိန်မရတော့ရင် ဒီလိုတစ်ခြမ်းစောင်း ဆံထုံးလေး အမြန်လုပ်သွားလိုက်နော် အချိန်ကုန်လည်းသက်သာ ကျက်သရေလည်းရှိစေမှာပါ။
1. ဆံပင်ကို တစ်ခြမ်းစောင်းစည်းပါ။
ရှေ့ဆံပင်ကို အနည်းငယ်ချန်၍ နောက်ဆံပင်ကို တစ်ခြမ်းစောင်းစည်းပါ။
ရှေ့ဆံပင်ကို ယူပါ။
ရှေ့ဆံပင်ဖြင့် စည်းထားသောဆံပင်ကိုပတ်ပါ။
ကလစ်ဖြင့်ထိုးပါ။
2. ဆံထုံးလေးဖြစ်အောင် လုပ်ပါမယ်။
စည်းထားသောဆံပင်ကို နှစ်စခွဲပါ။
ခွဲယူထားသောဆံပင်တစ်စကို နှစ်စခွဲပြီးလိမ်လိုက်ပါ။
အဆုံးထိလိမ်သွားပါ။
ဆံပင်အစလေးကိုကိုင်၍ လိမ်ထားသောဆံပင်ကို အပေါ်သို့တွန်းတင်ပါ။
ဆံပင်အရင်းတွင်ကပ်၍ ကလစ်ဖြင့်ထိုးပါ။
နောက်ဆံပင်အစလေးကိုလည်းလိမ်ပြီး အပေါ်အဆင့်အတိုင်း ဆံပင်ကိုအပေါ်သို့ တွန်းတင်ပါ။
ဆံပင်အရင်းတွင်ကပ်၍ ကလစ်ဖြင့်ထိုးပါ။
ပန်းဖြင့်အလှဆင်ပါ။