ဘယ်ဝတ်စုံနဲ့မဆို လိုက်ဖက်သည့် ဖဲပြားဆံထုံးလေးကို အလွယ်တကူထုံးဖွဲ့တတ်စေရန် အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်နော်။
1.ဆံပင်ကို ပိုနီတေးစည်းပါ။
ဆံပင်အားလုံးကို စု၍သားရေကွင်းဖြင့် စည်းပါ။
စုစည်းထားသောဆံပင်မှ အနည်းငယ်ကိုယူပါ။
သားရေကွင်းကိုဖုံးအောင် ဆံပင်ဖြင့်ပတ်ပါ။
ပိုသောအစကို ကလစ်ဖြင့်ထိုးပါ။
2.ဖဲပြားပုံစံလုပ်ပါမည်။
စည်းထားသောဆံပင်မှ အလယ်စကို အနည်းငယ်ချန်၍ု နှစ်စခွဲပါ။
အလယ်စကို ကလစ်ဖြင့်ထိန်း၍ ဘေးဆံပင်ကို တစ်ဝက်စည်းပါ။
ကျန်တစ်ဖက်ကိုလဲ တစ်ဝက်စည်းပါ။
စည်းထားသောဆံပင်မှ ကျန်ဆံပင်ကို ကျစ်ဆံမြှီးကျစ်ပါ။
အဆုံးထိကျစ်၍ သားရေကွင်းဖြင့်စည်းပါ။
တစ်ဖက်ကိုလဲ ဆက်ကျစ်ပါ။
3.ကျန်တစ်ဖက်ကိုလဲ ဖဲပြားပုံစံ လုပ်ပါမည်။
ဘယ်ဘက်မှ ကျစ်ထားသောဆံပင်ကို ခွေပါ။
အတွင်းဘက်သို့ခေါက်၍ ကလစ်ဖြင့်ထိုးပါ။
ညာဘက်ခြမ်းကိုလဲ ဆက်လက်လုပ်၍ ကလစ်ဖြင့်ထိုးပါ။
4.ကျစ်ဆံမြှီးနှင်းဆီပွင့်ပုံစံလုပ်ပါမည်။
အပေါ်သို့ခေါက်တင်ထားသော အလယ်ဆံပင်ကိုယူ၍ သုံးစခွဲပါ။
ကျစ်ဆံမြှီးကျစ်ပါမည်။
တစ်ခြမ်းကို ဖွပေးပါ။
ဖွထားသောအခြမ်းကို အပြင်ဘက်တွင် ထား၍ခွေပါ။
ကလစ်ဖြင့်ထိုးပါ။
ဝတ်ဆံပုံစံ အလှဆင်ပါမည်။