ဂါဝန်လေးနဲ့လဲလိုက်ဖက်သလို မြန်မာဝတ်စုံလေးနဲ့ဆိုရင်လဲ ကျက်သရေရှိစေမှာပါနော် လိုက်လုပ်ကြည့်ပေးဖို့ တိုက်တွန်းပါရစေ ချစ်တို့ရေ။
1.ရှေ့ဆံပင်နှစ်ဖက်လုံးကို ကျစ်ဆံမြှီးကျစ်ပေးပါ။
ဘယ်ဘက်မှ ရှေ့ဆံပင်အနည်းငယ်ကို ယူပါ။
သုံးစခွဲပါ။
ကျစ်ဆံမြှီးကျစ်ပါ။
အဆုံးထိကျစ်၍ သားရေကွင်းဖြင့်စည်းပါ။
တစ်ခြားတစ်ဖက်ကိုလဲ ဆက်လက်လုပ်ပေးပါ။
2.နောက်ဆံပင်ကို ကျစ်ဆံမြှီးအကပ်ကျစ်ပါ။
နောက်ဘက်ကို သုံးပိုင်းခွဲပေးပါ။
အလယ်ဆံပင်အနည်းငယ်ကို သုံးစခွဲပေးပါ။
ကျစ်ဆံမြှီးစကျစ်ပေးပါ။
ဘေးမှဆံပင်အနည်းငယ်ကို ယူပါ။
ကျစ်ထားသောဆံပင်နှင့် ပေါင်းပါ။
ဘေးမှဆံပင်အနည်းငယ်ကို ထပ်ယူပါ။
ကျစ်ထားသောဆံပင်နှင့် ပေါင်း၍ တစ်ဝက်အထိကျစ်သွားပါ။
3. ဘယ်ညာအယှက်လုပ်၍ ကလစ်ဖြင့်ထိုးပါ။
ရှေ့မှကျစ်ဆံမြှီးကို နောက်ဘက်တစ်ဖက်ခြမ်းသို့ဆွဲယူပါ။
ကလစ်ဖြင့်ထိုးပါ။
တစ်ဖက်ကျစ်ဆံမြှီးကိုလဲ တစ်ဖက်ခြမ်းသို့ပို့၍ ကလစ်ဖြင့်ထိုးပါ။
4. ဆက်လက်လုပ်ဆောင်ပါ။
ဘေးမှ ဆံပင်အနည်းငယ်ကိုဆွဲယူပါ။
တစ်ဖက်ခြမ်းတွင် ကလစ်ဖြင့်ထိုးပါ။
အခြားတစ်ဖက်မှ ဆံပင်အနည်းငယ်ကို ယူပါ။
တစ်ဖက်ခြမ်းတွင် ကလစ်ဖြင့်ထိုးပါ။
ဘေးမှ ဆံပင်အနည်းငယ်ကိုဆွဲယူ၍ တစ်ဖက်ခြမ်းတွင် ကလစ်ဖြင့်ထိုးပါ။
ဆက်လက်လုပ်ဆောင်ပါ။
5.အားလုံးကို စုစည်းပါ။
ဘေးနှစ်ဖက်မှ ဆံပင်ကို ကျစ်ဆံမြှီးကျစ်ပေးပါ။
တစ်ဖက်ခြမ်းတွင် ကလစ်ဖြင့်ထိုးပါ။
နောက်တစ်ဖက်တွင်လဲယူ၍ ကလစ်ဖြင့်ထိုးပါ။
ပိုသောဆံပင်ကို အောက်ဘက်တွင် စုယူပါ။
သားရေကွင်းဖြင့် စည်းပါ။