ပြုလုပ်ရလည်းလွယ်ကူပြီး လူငယ်ဆန်သောဆံထုံးပုံစံလေး ဘယ်လိုပြုလုပ်ရမလည်းဆိုတဲ့ ပြုလုပ်ပုံအဆင့်ဆင့်ကို တစ်ဆင့်ခြင်းဆီဖော်ပြပေးထားတယ်နော်။
1.ဆံပင်ကိုအထပ်ထပ်စည်းပါ။
အရှေ့မှ ဆံပင်အနည်းငယ်ကိုယူကာ သရေကွင်းဖြင့်စည်းပါမယ်။
ဘေးမှဆံပင်အနည်းငယ်ကိုယူပါမယ်။
နောက်တစ်ဖက်မှလည်း ဆံပင်အနည်းငယ်ကိုယူပါမယ်။
ယူထားသောဆံပင်ကို အနောက်ကိုယူကာ သရေကွင်းဖြင့်စည်းပါမယ်။
ဘေးနှစ်ဖက်မှ ဆံပင်ကိုယူကာ အနောက်ကိုပို့၍ သရေကွင်းဖြင့်စည်းပါမယ်။
2.ဆံပင်ကိုအထပ်ထပ်စည်းပါ။
ကျန်သောဆံပင်ကိုလည်း အပေါ်တွင်ပြထားသလိုယူကာ သရေကွင်းဖြင့်စည်းပါမယ်။
ဆံပင်အားလုံးကို အထပ်ထပ်စည်းပြီးပြီ ဖြစ်ပါတယ်။
ကျန်သောဆံပင်ကို သုံးချောင်းခွဲလိုက်ပါမယ်။
ကျစ်ဆံမြှီးကျစ်ပါမယ်။
သရေကွင်းဖြင့်စည်းပါမယ်။
ကျစ်ထားသောဆံပင်ကို ဖွပေးပါမယ်။
3.ဆံထုံးထုံးပါမယ်။
ကျစ်ဆံမြှီးကို အောက်ဖျားမှစ၍ လိပ်တင်ပါမယ်။
အပေါ်ထိလိပ်တင်ကာ ကပ်လိုက်ပါမယ်။
ကလစ်ဖြင့် သေချာထိုးပေးပါမယ်။