အချိန်အများကြီးမပေးရတဲ့ ကျစ်ဆံမြှီးပြုလုပ်ပုံ အဆင့်ဆင့်ကို ကြည့်ပေးနော်။
1.ကျစ်ဆံမြှီးကျစ်ပါ။
အရှေ့ဘေးမှ ဆံပင်အနည်းငယ်ကိုယူပါ။
ယူထားသောဆံပင်ကို သုံးချောင်းခွဲပါ။
သုံးချောင်းကို ပူး၍ကျစ်ပါ။
ဘေးတစ်ဖက်မှဆံပင်အနည်းငယ်ကိုယူပါ။
ယူထားသောဆံပင်ကို ကျစ်ထားသောဆီမှ ဆံပင်တစ်ချောင်းနှင့်ပေါင်းလိုက်ပါ။
သုံးချောင်းပူး၍ ပြန်ကျစ်ပါ။
ဘေးမှဆံပင်အနည်းငယ်ကို ထပ်ယူပါ။
ယူထားသောဆံပင်ကို ကျစ်ထားသောဆီမှ ဆံပင်တစ်ချောင်းနှင့် ပေါင်းလိုက်ပါ။
သုံးချောင်းပူး၍ ပြန်ကျစ်ပါ။
2.ကျစ်ဆံမြှီးဆက်ကျစ်ပါ။
အပေါ်တွင်ပြထားသလို ဘေးဘက်မှဆံပင်အနည်းငယ်စီကိုယူကာ ဆက်ကျစ်ပါ။
အောက်ဆုံးထိကျစ်ဆံမြှီးကို ဆက်ကျစ်ပါ။
သားရေကွင်းဖြင့်စည်းပါ။
လှပသော ခေါင်းစည်းကြိုးဖြင့် အလှဆင်ပေးပါ။