ပြုလုပ်ပုံအဆင့်ဆင့်ကို အောက်မှာဝင်ကြည့်ပေးနော်။
1.ကျစ်ဆံမြှီးကျစ်ပါ။
အရှေ့မှဆံပင်အနည်းငယ်ကိုယူပါ။
သုံးချောင်းခွဲလိုက်ပါ။
ကျစ်ဆံမြှီးကျစ်ပါ။
ဖွပေးပါ။
သားရေကွင်းဖြင့်စည်းပါ။
2.ဆံပင်ကိုလိမ်ပါ။
ကျစ်ဆံမြှီးကို အနောက်ကိုပို့ကာ ဘေးတစ်ဖက်မှဆံပင်ကိုယူပါ။
နောက်တစ်ဖက်မှလည်း အနည်းငယ်ကိုယူပါ။
ပူး၍သားရေကွင်းဖြင့်စည်းပါ။
ကွင်းတံကိုသုံးပါ။
ကွင်းတံကိုစည်းထားသောဆံပင်အလယ်တွင်စိုက်ကာ ကွင်းထဲသို့ဆံပင်ကိုထည့်လိုက်ပါ။
ကွင်းတံကိုဆွဲထုတ်လိုက်ပါ။
နောက်နှစ်ဆင့်ကိုလည်း အပေါ်တွင်ပြထားသလိုလိမ်ပေးပါ။
3.အလှဆင်ပါ။
ကြိုက်နှစ်သက်ရာဖြင့် အလှဆင်နိုင်ပါတယ်။