ပွဲလမ်းသဘင်သွားရာတွင် လှပတင့်တယ်ပြီးပျိုမေများအတွက် အလွယ်တကူထုံးလို့ရမယ့်နည်းလမ်းလေးကို တင်ပြလိုက်ပါတယ်။
1.ဆံပင်အတွင်းထည့် ပြီးဆံထုံး ထုံးပါမယ်။
ရှေ့ဆံပင်နှစ်ဖက်ကို အနည်းငယ်ချန်ပြီး နောက်ဆံပင်ကို တစ်ဝက်ယူပြီးစည်းပါမယ်။
အတွင်းထည့်ကွင်းတံလေးကို အသုံးပြုပါမယ်။
ဘေးမှဆံပင်အနည်းငယ်ကိုယူပါမယ်။
ယူထားသောဆံပင်ကို ကွင်းတံထဲထည့်ပါမယ်။
ထည့်ထားသောဆံပင်ကို အောက်သို့ဆွဲချလိုက်ပါမယ်။
ဆွဲချထားသောဆံပင်နှင့် ကျန်အောက်ဆံပင်ကိုပေါင်းပြီးယူပါမယ်။
ယူထားသောဆံပင်ကို ကွင်းတံထဲထည့်ပါမယ်။
ထည့်ထားသောဆံပင်ကို အောက်သို့ဆွဲချလိုက်ပါမယ်။
2.ဆံထုံးဆက်ထုံးပါမယ်။
တစ်ဖက်ကိုလဲ ရှေ့နည်းအတိုင်းလုပ်ပါမယ်။
အောက်မှကျန်နေသောဆံပင်များကို ကွင်းတံထဲထည့်ပြီးအောက်သို့ဆွဲချပါမယ်။
ရှေ့မှချန်ထားသောဆံပင်မှ တစ်ဖက်ကိုအနောက်သို့ယူလိုက်ပါ။
ယူထားသောဆံပင်ကို ဘယ်ဘက်သို့ပတ်ပြီး ကလစ်ဖြင့်ထိုးပါ။
ကျန်တစ်ဖက်ကိုလဲ ညာဘက်သို့ယူပါ။
ယူထားသောဆံပင်ကို ကလစ်ဖြင့်ထိုးပါ။
3.Fancy ဖြင့်အလှဆင်ပါမယ်။
ထုံးထားသောဆံပင်ပေါ်သို့ fancy ဖြင့်အလှဆင်ပါမယ်။