YUYU BEAUTYကို စောင့်မျှော်အားပေးနေသော တီတီ မမတို့အတွက် အလှူပွဲများနှင့်လိုက်ဖက်သည့် Fancyဆံထုံးထုံးဖွဲ့နည်းကို အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်နော်။
1. ရှေ့ဆံပင်ကို အရင်ပြုလုပ်ပါမည်။
သားရေကွင်းတပ်ထားသော ကလစ်ကိုအသုံးပြုပါမည်။
နောက်ဘက်မှ ဆံပင်ကိုစု၍ု သားရေကွင်းဖြင့်စည်းပါ။
ရှေ့ခြမ်းကို ၃ပိုင်းခွဲထားပါ။
ဘယ်ဘက်မှဆံပင်ကို ယူပါ။
ခေါက်၍ကလစ်ဖြင့်ထိုးပါ။
ညာဘက်မှဆံပင်ကို ယူပါ။
ခေါက်၍ကလစ်ဖြင့်ထိုးပါ။
2. ၂ချောင်းထိုးကျစ်ဆံမြှီးကျစ်ပါမည်။
ရှေ့ဆံပင်ကို ၂ဆခွဲပါ။
ညာဘက်မှ ဆံပင်အနည်းငယ်ကိုယူပါ။
ဘယ်ဘက်သို့ ပို့ပေးပါ။
ဘယ်ဘက်မှ ဆံပင်အနည်းငယ်ကိုယူပါ။
ညာဘက်သို့ ပို့ပေးပါ။
ညာဘက်မှ ဆံပင်အနည်းငယ်ကိုယူပါ။
ဘယ်ဘက်သို့ ပို့ပေးပါ။
ဘယ်ဘက်မှ ဆံပင်အနည်းငယ်ကိုယူပါ။
ညာဘက်သို့ ပို့ပေးပါ။
3.ညာဘက်မှ ဆံပင်ကိုယူ၍ ဖွပေးပါ။
တ၀က်ထိကျစ်ပေးပါ။
ဖွပေးပါ။
အောက်ဘက်မှ ဆံပင်အနည်းငယ်ကို ယူ၍ပတ်ပေးပါ။
ကလစ်ဖြင့်ထိုးပါ။
အောက်ဘက်မှ ကျန်သောဆံပင်ကို၃စခွဲပါ။
ဘေး၂စကိုယူ၍ ယှက်ပါ။
4. ကျန်ဆံပင်ကို ဆံထုံးပြုလုပ်ပါမည်။
ညာဘက်သို့ရောက်နေသော အစကိုခေါက်၍ ကလစ်ဖြင့်ထိုးပါ။
ဘယ်ဘက်သို့ရောက်နေသော အစကိုခေါက်၍ ကလစ်ဖြင့်ထိုးပါ။
အောက်ဘက်မှ ကျန်ဆံပင်ကိုခေါက်၍ ကလစ်ဖြင့်ထိုးပါ။
ပိုနေသောဆံပင်ကိုပါ ခေါက်၍ကလစ်ဖြင့်ထိုးပါ။
Fancy ဆံထိုးဖြင့်အလှဆင်ပါ။