ပြုလုပ်ပုံအဆင့်ဆင့်ကို အောက်တွင်ဝင်ကြည့်ပေးနော်။
1.ဆံပင်ကိုသီးဆိတ်ခြစ်ပါ။
အရှေ့မှဆံပင်အနည်းငယ်ကိုယူကာ ဘီးဖြင့်ခြစ်ပါ။
အနောက်သို့လှန်ကာ ကလစ်ဖြင့်ထိုးပါ။
ဘေးမှဆံပင်အနည်းငယ်ကိုယူကာဘီးဖြင့်ခြစ်ပါ။
အနောက်ကိုပို့ကာ ကလစ်ဖြင့်ထိုးပါ။
နောက်တစ်ဖက်မှ ဆံပင်အနည်းငယ်ကိုယူပါ။
ဘီးဖြင့်ခြစ်၍ အနောက်တွင်ကလစ်ထိုးပါ။
2.ဆံထုံးထုံးပါ။
အနောက်တွင်ကျန်သော ဆံပင်အားလုံးကို သားရေကွင်းဖြင့်စည်းပါ။
ဒိုးနတ်ကွင်းကိုသုံးပါ။
ဒိုးနတ်ကွင်းကို စည်းထားသောဆံပင်ကိုစွတ်လိုက်ပါ။
ဒိုးနတ်ကွင်းကို ကလစ်ဖြင့်ထိုးပါ။
ဆံပင်အားလုံးကို လှန်ချ၍ ဒိုးနတ်ကွင်းကိုအုပ်လိုက်ပါ။
သားရေကွင်းဖြင့် ဒိုးနတ်ကွင်းကိုစည်းလိုက်ပါ။
ကျန်သောဆံပင်အားလုံးကို အောက်တွင်စုကာ နှစ်ချောင်းခွဲ၍ ယှက်လိုက်ပါ။
အပေါ်တွင်ယှက်ကာ ပတ်လိုက်ပါ။
ကလစ်ဖြင့်ထိုးပါ။
3.အလှဆင်ပါ။
ကြိုက်နှစ်သက်ရာဖြင့် အလှဆင်နိုင်ပါတယ်။