ပြုလုပ်ရတာလွယ်ကူသော ပုံစံအသစ်လေးကိုအောက်မှာဝင်ကြည့်ပေးနော်။
1.ဆံပင်ကိုကျစ်ပါ။
ဘေးမှဆံပင်အနည်းငယ်ကိုယူပါ။
ယူထားသောဆံပင်ကိုသုံးချောင်းခွဲပါ။
ပူး၍ကျစ်လိုက်ပါ။
ကျစ်လိုက်သောဘေးမှဆံပင်အနည်းငယ်ကိုယူပါ။
ကျစ်ထားသောဆံပင်တစ်ချောင်းနှင့်ပူးလိုက်ပါ။
သုံးချောင်းကိုပူး၍ပြန်ကျစ်ပါ။
နောက်တစ်ဖက်ဘေးမှဆံပင်အနည်းငယ်ကိုယူပါ။
ကျစ်ထားသောဆံပင်တစ်ချောင်းနှင့်ပူးလိုက်ပါ။
သုံးချောင်းကိုပူး၍ပြန်ကျစ်ပါ။
2.ဆံပင်ကိုကျစ်ပါ။
အပေါ်တွင်ပြထားသလိုဘေးဘက်မှ ဆံပင်အနည်းငယ်စီကိုဆွဲယူကာဆက်ကျစ်ပါ။
အောက်တွင်ကျန်သောဆံပင်ကိုကျစ်ဆံမြှီးကျစ်ပါ။
သားရေကွင်းစည်းပါ။
3.ဆံထုံးထုံးပါ။
ဆံပင်အဖျားမှအပေါ်ကိုခွေတင်ပါ။
အရင်းထိခွေတင်ကာ ဆံထုံးထုံးလိုက်ပါ။
ကလစ်ဖြင့်ထိုးပါ။
4.အလှဆင်ပါ။
ကြိုက်နှစ်သက်ရာဖြင့်အလှဆင်ပါ။