အဆင့်ဆင့်လေးလုပ်ပြထားလို့ စိတ်ဝင်စားတဲ့ ချစ်စစ်တို့ ၀င်လေ့လာပေးနော်။
1. ရှေ့ဆံပင်ကို အဖောင်းဖြစ်အောင် လုပ်ပေးပါ။
နားနောက်မှ ဆံပင်ကို တြိဂံပုံစံ ခွဲပေးပါ။
သားရေကွင်းဖြင့် စည်းပေးပါ။
ရှေ့ဆံပင်ကို ဘီးဖြင့်ခြစ်ပေးပါ။
သပ်သပ်ရပ်ရပ်ဖြီးပြီး တစ်ခြမ်းစောင်းယူလိုက်ပါ။
ကလစ်ဖြင့်ထိုးပေးပါ။
နည်းနည်းကျန်နေသောရှေ့ဆံပင်ကိုလဲ ဘီးဖြင့်ခြစ်ပါ။
သပ်သပ်ရပ်ရပ်ဖြီးပြီး တစ်ခြားတစ်ဖက်သို့ ပို့ပေးပါ။
ကလစ်ဖြင့်ထိုးပေးပါ။
2. စည်းထားသောဆံပင်ကို အဖတ်ပုံစံလေး လုပ်ပေးပါ။
အောက်ဘက်မှ ကျန်ဆံပင်အားလုံးကို ဘီးဖြင့်ခြစ်ပါ။
အပေါ်မှ သားရေကွင်းစည်းထားသောဆံပင်ကို ယူပါ။
ယူထားသောဆံပင်ကို ခေါက်လိုက်ပါ။
ကလစ်ဖြင့်ထိုးပါ။
ပိုသောဆံပင်အနည်းငယ်ကို ထပ်ယူ၍ ဆန့်ကျင်ဘက်တွင် ခေါက်ပေးပါ။
ကလစ်ဖြင့်ထိုးပါ။
3.အခွေလေးတွေ လုပ်ပေးပါ။
ပိုသောအစလေးကို ခွေ၍ကလစ်ဖြင့်ထိုးပါ။
ပိုသောအစလေးကို ထပ်ခွေ၍တခြားဘက်တွင် ကလစ်ဖြင့်ထိုးပါ။
4.အောက်ဘက်မှ ဆံပင်ကိုလဲအခွေ လုပ်ပေးပါ။
အောက်ဘက်မှ ဆံပင်ကို နှစ်ပိုင်းခွဲ၍ ဆန့်ကျင်ဘက်သို့ ပို့၍ကလစ်ဖြင့်ထိုးပါ။
နောက်ဆံပင်တစ်စကိုလဲ ဆန့်ကျင်ဘက်တွင် ကလစ်ဖြင့်ထိုးပါ။
ပိုနေသောအစကို နှစ်ခုယှက်လိုက်ပါ။
ပိုသောအစလေးကို ထပ်ခွေ၍ကလစ်ဖြင့်ထိုးပါ။
ကျန်သောအစလေးကိုလဲ ထပ်ခွေ၍ကလစ်ဖြင့်ထိုးပါ။
ဆံထိုးလေးများဖြင့်အလှဆင်ပါ။