ပွဲသွားပွဲလာနဲ့လိုက်ဖက်သလို ဆရာမတွေအတွက်လဲ အဆင်ပြေစေလို့ အဆင့်ဆင့်ဖော်ပြ ပေးလိုက်ပါတယ်နော်။
1. ဆံပင်ကို နှစ်ပိုင်းခွဲ၍ အပေါ်ခြမ်းကို အလိမ်လေးများပြုလုပ်ပါ။
နားနောက်မှ ဆံပင်ကို တစ်ခြမ်းစောင်းစည်းပါ။
အပေါ်ဆံပင်တစ်ဝက်ကို အတည့်စည်းပါ။
အပေါ်ဆံပင်မှ အနည်းငယ်ကိုယူ၍ လိမ်ပေးပါ။
လိမ်ထားသောဆံပင်မှ အဖျားပိုင်းကို စည်းထားသောသားရေကွင်းထဲ ထည့်ပါ။
နောက်ထပ် အနည်းငယ်ကိုယူ၍ လိမ်ပေးပါ။
လိမ်ထားသောဆံပင်မှ အဖျားပိုင်းကို စည်းထားသောသားရေကွင်းထဲ ထည့်ပါ။
ကျန်ဆံပင် အနည်းငယ်ကိုယူ၍ လိမ်ပေးပါ။
လိမ်ထားသောဆံပင်မှ အဖျားပိုင်းကို စည်းထားသောသားရေကွင်းထဲ ထည့်ပါ။
2.အလိမ်လိမ်လေးတွေ ဖြစ်သွားပါပြီ။
ပိုသောဆံပင်အားလုံးကို ပတ်၍ကလစ်ဖြင့်ထိုးပါ။
ပုံတွင်ပြထားသလိုလေး ဖြစ်သွားပါမယ်။
3.ဆံထုံးလေးဖြစ်အောင်လုပ်ပါ။
အလိမ်တစ်စကို ယူ၍ကလစ်ဖြင့်ထိုးပါ။
နောက်ထပ် အလိမ်တစ်စကို ယူ၍ကလစ်ဖြင့်ထိုးပါ။
နောက်ဆုံး အလိမ်တစ်စကို ယူ၍ကလစ်ဖြင့်ထိုးပါ။
4.အောက်ဘက်ကိုလဲ ဆက်လက်လုပ်ဆောင်ပါ။
အောက်ဘက်မှ စည်းထားသောဆံပင်ကိုလဲ အပေါ်အတိုင်းဆက်လုပ်ပါ။
ပိုသောဆံပင်အားလုံးကို ပတ်၍ကလစ်ဖြင့်ထိုးပါ။
အလိမ်တစ်စကိုယူ၍ အပေါ်ဆံပင်တွင် ထပ်၍ကလစ်ဖြင့်ထိုးပါ။
နောက်ထပ် အလိမ်တစ်စကိုယူ၍ အပေါ်ဆံပင်တွင်ထပ်၍ ကလစ်ဖြင့်ထိုးပါ။
နောက်ဆုံး အလိမ်တစ်စကို ယူ၍ထပ်ပြီး ကလစ်ဖြင့်ထိုးပါ။
ပန်းဖြင့်အလှဆင်ပါ။