ရိုးရှင်းပြီးအလွယ်တကူလေးနဲ့စည်းလို့ရမည့် တစ်ဝက်ပုံစံ ဆံပင်စည်းနည်းလေးကို ပျိုမေများအတွက်တစ်ဆင့်ချင်း စည်းဖွဲ့လို့ရအောင် တင်ပြလိုက်ပါတယ်။
1.ဆံပင်ကိုအတွင်းသို့လိမ်ပြီး စည်းပါမယ်။
ဘေးတစ်ဖက်မှဆံပင်အနည်းငယ်ယူကာ သားရေကွင်းဖြင့်စည်းပါမယ်။
စည်းထားသောဆံပင်အတွင်းသို့ လက်ချောင်းထည့်ပြီး ဆံပင်ကိုယူကာ အောက်သို့ဆွဲချပါမယ်။
ဆံပင်အတွင်းသို့ထည့်ပြီး အောက်သို့ဆွဲချလိုက်ပါပြီ။
ထပ်မံပြီးရှေ့နည်းအတိုင်းပဲ ဆံပင်ကို အတွင်းသို့ထည့်ပါ။
ထည့်ထားသောဆံပင်ကို အောက်သို့ဆွဲချလိုက်ပါ။
နောက်ထပ်ဆံပင်ကို အတွင်းသို့ထည့်ပါမယ်။
ထည့်ထားသောဆံပင်ကိုလည်း အောက်သို့ဆွဲချလိုက်ပါမယ်။
အခြားတစ်ဖက်ကိုလည်း ရှေ့နည်းအတိုင်းလုပ်ပေးရပါမယ်။
2.ကျစ်ဆံမြှီးကျစ်ပါမယ်။
ဆံပင်သုံးချောင်းခွဲပါမယ်။
ခွဲထားသောဆံပင်ကို ကျစ်ဆံမြှီးကျစ်ပါမယ်။
အဆုံးထိကျစ်ပြီး သားရေကွင်းဖြင့်စည်းပါမယ်။
ကျစ်ဆံမြှီးကိုဖွပေးရပါမယ်။