ဆံပင်ရှည်တဲ့ သူတွေအနေနဲ့ ဒီပုံစံလေးကို လုပ်လို့ရသလို တိုသူတွေအနေနဲ့ ဆံထုံးမပါဘဲ အလှလှသက်သက် လုပ်ကြည့်လို့ရပါတယ်နော်
1. တစ်ပတ်လျှိုဆံထုံး ထုံးပါမယ်။
နားနောက်မှ နေ၍ဆံပင်ကို နှစ်ပိုင်းခွဲပါ။
နောက်ဘက်မှ ဆံပင်ကို လက်လျှို၍ လိမ်လိုက်ပါ။
ကျန်သောအစကို ပတ်လိုက်ပါ။
တစ်ပတ်လျှိုပုံလေး ဖြစ်သွားပါပြီ။
ကလစ်ဖြင့်ထိုးပေးပါ။
2. ကျစ်ဆံမြှီးကိုဆွဲယူ၍ ကျစ်ပါ။
ရှေ့ဆံပင်ကို ကျစ်ဆံမြှီးကျစ်ရန် သုံးစခွဲပါ။
ကျစ်ဆံမြှီး စကျစ်ပါ။
ဘေးမှဆံပင်အနည်းငယ်ကို ယူပါ။
ကျစ်ထားသောဆံပင်နှင့်ပေါင်းကျစ်ပါ။
ဘေးမှဆံပင်အနည်းငယ်ကို ထပ်ယူပါ။
ကျစ်ထားသောဆံပင်နှင့်ပေါင်းကျစ်ပါ။
ရှေ့ဆံပင်ကုန်သည်အထိ ဆွဲယူပါ။
ကျစ်ထားသောဆံပင်နှင့်ပေါင်းကျစ်ပါ။
3.ဆံထုံးတွင် ပတ်၍အလှဆင်ပါ။
ဆံပင်အဖျားထိ ကျစ်သွားပါ။
ဆံထုံးတွင် ပတ်၍ ကလစ်ဖြင့်ထိုးပါ။
တစ်ဖက်မှ ဆံပင်ကိုလဲ ဆက်လက်လုပ်ဆောင်ပါ။
ဆံထုံးတွင် ပတ်၍ ကလစ်ဖြင့်ထိုးပါ။
ပန်းဖြင့်အလှဆင်ပါ။