ပြုလုပ်တဲ့အခါမှာလည်း လွယ်ကူမှုရှိစေရန် Dolly က ပြုလုပ်ပုံအဆင့်ဆင့်ကို အောက်မှာဖော်ပြပေးထားတယ်နော်။
1.ဆံပင်ကိုလိမ်၍ကျစ်ပါ။
ဘေးနှစ်ဖက်မှဆံပင်အနည်းငယ်ကိုယူပါ။
ယူထားသောဆံပင်ကိုသားရေကွင်းဖြင့်စည်းပါ။
ကွင်းတံကိုသုံးပါ။
ကွင်းတံကိုစည်းထားသော ဆံပင်အလယ်တွင်စိုက်ကာ ကွင်းထဲသို့ဆံပင်ကိုထည့်ပါ။
ကွင်းတံကိုဆွဲထုတ်လိုက်ပါ။
ကျန်သောဆံပင်ကို နှစ်ချောင်းခွဲလိုက်ပါမယ်။
ခွဲထားသောတစ်ဖက်မှ ဆံပင်အနည်းငယ်ကိုပြန်ယူပါ။
ယူထားသောဆံပင်ကို ဆန့်ကျင်ဘက်ကိုပို့ကာ ပူးလိုက်ပါ။
ပူးလိုက်သောဘက်မှ ဆံပင်အနည်းငယ်ကို ပြန်ယူပါမယ်။
ယူထားသောဆံပင်ကို ဆန့်ကျင်ဘက်သို့ပို့ကာ ပြန်ပူးလိုက်ပါ။
အပေါ်တွင်ပြထားသလို ဆက်ကျစ်သွားပါ။
အဆုံးထိကျစ်ကာ သားရေကွင်းစည်းပါ။
2.ဆံပင်ကိုလိမ်၍ကျစ်ပါ။
ဘေးနှစ်ဖက်မှ ဆံပင်အနည်းငယ်ကို ထပ်ယူပါမယ်။
ယူထားသောဆံပင်ကိုသားရေကွင်းဖြင့်စည်းပါ။
ကွင်းတံကိုစည်းထားသော ဆံပင်အလယ်တွင်စိုက်ကာ ကွင်းထဲသို့ဆံပင်ကိုထည့်ပါ။
ကွင်းတံကိုဆွဲထုတ်လိုက်ပါ။
ကျန်သောဆံပင်အားလုံးကို နှစ်ချောင်းခွဲလိုက်ပါမယ်။
ခွဲထားသောတစ်ဖက်မှ ဆံပင်အနည်းငယ်ကိုပြန်ယူပါ။
ယူထားသောဆံပင်ကို ဆန့်ကျင်ဘက်ကိုပို့ကာ ပူးလိုက်ပါ။
ပူးလိုက်သောဘက်မှ ဆံပင်အနည်းငယ်ကို ပြန်ယူပါမယ်။
ယူထားသောဆံပင်ကို ဆန့်ကျင်ဘက်ကိုပို့ကာ ပြန်ပူးလိုက်ပါ။
အပေါ်တွင်ပြထားသလို အဆုံးထိကျစ်ပါ။
အနည်းငယ်ဖွပေးပါ။
သားရေကွင်းဖြင့်စည်းပါ။
3.ကျစ်ဆံမြှီးကိုပူးပါ။
ကျစ်ထားသောဆံပင်နှစ်ချောင်းကို အပေါ်အောက်ပူးလိုက်ပါ။
သားရေကွင်းဖြင့်စည်းပါ။
4.အလှဆင်ပါမယ်။
ဖဲပြားခေါင်းစည်းကြိုးဖြင့် အလှဆင်ပါမယ်။