ပွဲလမ်းသဘင်အတွက် အလွယ်တကူ ထုံးလို့လဲလွယ် ဆံပင်တိုလေးနဲ့လဲလိုက်တဲ့ဆံထုံးပုံစံလေးကို တစ်ဆင့်ခြင်းတင်ပြလိုက်ပါတယ်။
1.ကျစ်ဆံမြှီးစကျစ်ပါမယ်။
ဆံပင်သုံးချောင်းယူလိုက်ပါမယ်။
ယူထားသောဆံပင်သုံးချောင်းကို ကျစ်ပါမယ်။
အောက်ဆံပင်တစ်ဖက်ကိုယူလိုက်ပါမယ်။
ယူထားသောဆံပင်ကို ပူးကျစ်ပါမယ်။
အပေါ်ဆံပင်ယူပါမယ်။
ယူထားသောဆံပင်ကို ကျစ်ပါမယ်။
ဆံပင်ဆုံးသည်အထိကျစ်ပါမယ်။
ကျစ်ထားသောဆံပင်ကို သားရေကွင်းဖြင့်စည်းပါမယ်။
ကျန်တစ်ဖက်ကိုလဲ ရှေ့နည်းအတိုင်းကျစ်ပြီးသားရေကွင်းဖြင့်ချည်ပါ။
2.ကျစ်ဆံမြှီးကိုအခွေလုပ်ပါမယ်။
တစ်ဖက်မှကျစ်ဆံမြှီးကို အတွင်းသို့ခေါက်လိုက်ပါမယ်။
ခေါက်ထားသောဆံပင်ကို ကလစ်ဖြင့်ထိုးပါ။
ကျန်တစ်ဖက်ဆံပင်ကိုလဲ အတွင်းဘက်သို့ခေါက်ပါ။
ခေါက်ထားသောဆံပင်ကို ကလစ်ဖြင့်ထိုးပါ။