အလှူမင်္ဂလာပွဲများအတွက် ရည်ရွယ်ပြီး ဆန်းသစ်ထားတဲ့ဆံထုံးလေးဟာဆိုရင် လူငယ်ဆန်ဆန်လေးနဲ့ လှလို့အဆင့်ဆင့်ထုံးလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်နော်။
1.ဘယ်ဘက်မှရှေ့ဆံပင်ကို အလိမ်အထပ်ထပ်ပြုလုပ်ပေးပါ။
ရှေ့ဆံပင်အနည်းငယ်ကိုဘေးခွဲပါ။
ဘေးခွဲထားသောဆံပင်ကို ယူ၍လိမ်ပါ။
ရှေ့ဆံပင်ကို ထပ်ယူပါ။
လိမ်ထားသောဆံပင်နှင့်ပေါင်းလိမ်ပါ။
ဆံပင်ကို ထပ်ယူပါ။
လိမ်ထားသောဆံပင်နှင့်ပေါင်းလိမ်ပါ။
ဆံပင်အတွင်းပိုင်းထိ လိမ်၍တစ်ဝက်ကို ကလစ်ဖြင့်ထိုးပါ။
2.ညာဘက်ဘေးဆံပင်ကို လိမ်၍ ဖဲပြားလုပ်ပါ။
တစ်ဖက်မှဆံပင်ကိုလဲ အထပ်ထပ်လိမ်သွားပါ။
ကလစ်ဖြင့်ထိုးပါ။
ပိုသောဆံပင်တစ်ဝက်ကို သားရေကွင်းဖြင့်စည်းပါ။
ကျန်ဆံပင်ကို တစ်ဝက်ခေါက်ပါ။
သားရေကွင်းဖြင့်ထပ်စည်းပါ။
ဖဲပြားပုံလေးကို ကလစ်ဖြင့်ထိုးပါ။
3. အခွေပြုလုပ်၍ အလှဆင်ပါ။
အောက်ဘက်မှ ကျန်ဆံပင်ကို သားရေကွင်းဖြင့်စည်းပါ။
နှစ်စထပ်ခွဲပါ။
ကျန်တစ်စကို အပေါ်ဘက်သို့ယူ၍ ခေါက်ကာ ကလစ်ဖြင့်ထိုးပါ။
ပိုသောဆံပင်ကို ခွေ၍ကလစ်ဖြင့်ထိုးပါ။
ကျန်သောဆံပင်တစ်စကို ယူပါ။
ခွေ၍ကလစ်ဖြင့်ထိုးပါ။
Fancy ဆံထိုးလေးများဖြင့်အလှဆင်ပါ။