ကျောင်းသူလေးတွေနဲ့ ချစ်စဖွယ်ကောင်းသောဆံပင်ပုံစံလေးဖြင့် အပြင်ထွက်လိုသော ပျိုမေတို့အတွက် ဆံပင်တစ်ဝက်ကိုဖဲပြားပုံစံလေးအဖြစ် ဖန်တီးပြုလုပ် ပေးလိုက်တယ်နော်!
1.ဆံပင်တစ်ဝက်ကိုနောက်သို့ယူပြီးချည်ပါ။
ဆံပင်ချည်ရာတွင် သားရေကွင်းနောက်ဆုံးချည်မည့် အခေါက်တွင်ဆံပင်ကို တစ်ဝက်အထုံးလေးအတိုင်းချန်ထားခဲ့ပါ။ ပုံတွင်ပြထားသည့် အတိုင်းလေး ဖြစ်အောင်ချည်ပါ။
2.အထုံးကို ပုံတွင်ပြထားသည့်အတိုင်း အပေါ်သို့ထောင်ပြီးကိုင်ပါ။
ဖဲပြားပုံစံလေးဖြစ်အောင် အပေါ်သို့ထောင်ပြီးကိုင်ရပါမည်။
3.ဘယ်ဘက်ခြမ်းကို စတင်၍ဖဲပြားအခြမ်းလေးလုပ်ပါမည်။
အပေါ်ထောင်၍ကိုင်ထားသော ဘယ်ဘက်ခြမ်းဆံပင်ကို ကားကားလေး ဖြစ်အောင်အောက်သို့ဖြည်းဖြည်းချင်း ကား၍ဆွဲချပါ။
ပုံတွင်ပြထားသည့် အတိုင်းကလစ်ထိုးပါမည်။
4.ညာဘက်ခြမ်းဆံပင်ကိုလည်း ဖဲပြားအခြမ်းလေးလုပ်ပါမည်။
Step (3,4) အတိုင်း ဆက်လက်လုပ်ဆောင်သွားရပါမည်။ ပုံတွင်ပြ ထားသည့်အတိုင်း ဖဲပြားအကွေးနှစ်ဖက်ဖြစ်သွားပါမည်။
5.ဖဲပြားအောက်ပိုင်းမှာ အမြှီးပိုင်းလေးကျန်နေမည်ကိုတွေ့ရပါမည်။
အမြှီးပိုင်း ဆံပင်ကိုနှစ်ဖက်ခွဲပါ။
6.နှစ်ဖက်ခွဲထားသောဆံပင်၏ဘယ်ဘက်ခြမ်းကို အပေါ်သို့ထောင်ပြီးထည့်ပါမည်။
ဖဲပြား၏အလယ်ကွဲနေသော ဆံပင်ထဲသို့ပုံတွင်ပြထားသည့်အတိုင်းထည့်ပါ။